🏎 episode - 17 🏎

251 44 9
                                    

Unicode 🏎

သုံးလ..

သုံးလဆိုတဲ့အချိန်တစ်ခုမှာ ခြေထောက်တွေက အတော်အသင့် သက်သာလို့နေခဲ့ပြီ ..

သိပ်မကြာခင်အချိန်အတွင်းမှာ တကျော့ပြန် ပြန်လာနိုင်တော့မှာမို့ ပျော်ရွှင်မိပေမဲ့ တစ်ခါတစ်ရံ ဒီလိုဘဝကြီးကိုလည်း မုန်းမိပြန်တယ် ..

စည်းဘောင်ကန့်သတ်မှုတွေနဲ့ ရှင်သန်နေရတဲ့ ဘဝရဲ့ဇာတ်ခုံကြား အကြိမ်ကြိမ်လဲပြိုခဲ့သမျှထဲ ဒီတစ်ခါအဆိုးဆုံးပဲ ..

လူရော နှလုံးသားပါ နလံထူဖို့ ကြိုးစားနေပေမဲ့ နှလုံးသားက တစ်ခါတစ်ခါ ဖျားချင်နေတုန်း ..

Gallery ထဲက မဖျက်ရသေးတဲ့ ဟင့်အင်း မဖျက်ရက်ခဲ့တဲ့ ပုံရိပ်တွေဟာ အခုထက်ထိ ခြောက်လှန့်နေတုန်းပဲ ..

ကာမပိုင်ရှိသူကို ပြစ်မှားရင် အပြစ်ရှိသလား အကြိမ်ကြိမ်တွေးတောမိပေမဲ့ အချစ်ဟာ အပြစ်ဆိုလည်း နောင်ဘဝများမှ စုခံမယ် ..

မင်းအတွက် ရည်ရွယ်ပြီး ရေးစပ်ထားတဲ့ သီချင်းတွေလည်းရှိတယ် အချစ်ရယ် ..

မင်းနားမထောင်လိုက်ရတဲ့ ကိုယ့်ရဲ့မင်းအပေါ်ထားတဲ့ အချစ်ဋီကာတွေလည်း တစ်ပုံတစ်ပင်ကြီးပဲ ..

မင်းဖတ်မကြည့်ခဲ့တဲ့ ကဗျာလေးတွေကိုလည်း ကိုယ်သိမ်းဆည်းထားတယ် ..

ကိုယ့်အလွမ်းတွေလည်း အပြည့်ပါပဲ ..

ကိုယ်မင်းကိုဘယ်လောက်လွမ်းသလဲဆိုရင် ကိုယ့်ရင်ဘတ်ထဲက လက်တစ်ဆုတ်စာ အလွမ်းတွေကိုယူပြီး ဝေဟင်ပေါ်ဖြန့်ကျဲလိုက်တာ ..

မင်းမြင်လား အချစ်ရယ် ..

မင်းနေထိုင်တဲ့ ကိုရီးယားမြေက နှင်းမိုးတွေဟာ လက်တစ်ဆုတ်စာသော ကိုယ့်အလွမ်းတွေပဲ ..

" Mark Hyung "

" omm "

Haechan ခေါ်သံအား မေးဆက်ပြတယ်ဆိုယုံသာ ပြန်လည်ထူးဖြစ်သည် ။

" အတော်လေးသက်သာနေပြီပဲ "

" ဒီလိုပါပဲ တွဲထူမယ့်သူမရှိတဲ့ဘဝထဲမှာ ကိုယ့်ဘာသာကိုယ်ထူမတ်နိုင်အောင်ကြိုးစားရမယ်လေ "

🏎️Racer🏎️Where stories live. Discover now