🏎 episode- 16 🏎

375 40 11
                                    

Unicode 🏎

" မောနင်း "

နှဖူးပြင်ပေါ်ကျလာသည့် အနမ်းနုနုတွေကြောင့် မျက်ဝန်းတို့အားဖွင့်ကြည့်လိုက်တော့ မနက်ခင်းရဲ့အတောက်ပဆုံးအပြုံးတွေ ..

မျက်နှာကိုလွှဲကာ လှဲနေရာမှထထိုင်လိုက်တော့ ကိုယ်ပေါ်ကစောင်အားဆွဲယူကာဖယ်ခွာပေးလေသည် ။

" Jun ဘာစားချင်လဲ .. မောင် ဘာပြင်ပေးရမလဲ "

" နေပါစေ "

တစ်ခွန်းသာပြောပြီး ရေချိုးခန်းထဲ ဝင်ခဲ့လိုက်သည် ။

ရုတ်ချည်းပြောင်းလဲသွားရတဲ့ ဆက်ဆံရေးက အသားမကျသေးပေမဲ့ Jaeminက သူစိမ်းသူရံမဟုတ်တာမို့ အထူးတလည် မုန်းတီးခြင်းတော့ မဖြစ်မိ ။

လက်မခံနိုင်သေးတာတစ်ခုကလွဲရင်ပေါ့ ..

" Jun.. မြန်မြန်ချိုးလေကွာ .. အအေးပက်မယ် "

အပြင်ကတံခါးခေါက်သံကြားမှ အတွေးတို့ခေါက်သိမ်းကာ တန်းပေါ်တင်ထားသည့် Bathrobeကို လှမ်းယူပြီး ကိုယ်မှာဝတ်ဆင်လိုက်သည် ။

တံခါးအားဆွဲဖွင့်လိုက်တော့ အပြင်မှာရပ်၍ပြုံးပြနေပြန်သည် ။

" မောင်တို့ ဒီနေ့ မေမေ့ဆီပြန်ရအောင် "

" မင်းပြန်ချင်ပြန်လေ "

" မေမေက မင်းကိုပါမျှော်နေတာ "

" ငါအန်တီ့ကိုတွေ့ဖို့ မျက်နှာပူတယ် "

" မေမေ့ကို နားလည်အောင်ပြောထားပြီးသားပါကွာ .. မေမေကလည်း မင်းကိုတွေ့ချင်နေတာ "

Jaeminတောင်းဆိုနေတာမို့ ခေါင်းညိတ်လိုက်ပြီး ..

" ကောင်းပြီလေ .. လောလောဆယ်တော့ ငါအဝတ်လဲမှာမို့လို့ မင်းအပြင်ထွက်ပေး "

" ကောင်းပါပြီဗျာ "

ဘာပဲပြောပြော ကျန်တဲ့နေရာမှာ ဇွတ်တရွတ်ဆန်ပေမဲ့ တစ်ခါတစ်ရံ ကျွန်တော့်စကားကိုတော့ Jaeminက နားထောင်တတ်သည် ။

အတင်းအကြပ် အကန်အကြောက်တွေလုပ်နေမယ့်အစား လေအေးလေးနဲ့ Jaemin ကို အပျော့ဆွဲဆွဲနိုင်ရင် အဆင်ပြေလောက်တယ် ။

အဝတ်အစားကို အလျင်အမြန်လဲကာ အပြင်ထွက်ခဲ့တော့ Laggage တွေကို အသင့်ပြင်ကာ Jaeminစောင့်နေသည် ။

🏎️Racer🏎️Where stories live. Discover now