Part 2(Uni+Zaw)

5.3K 100 0
                                    

Unicode

"Melody ငါဒီမှာ"

ကျောင်းဆင်းချိန်ရောက်တိုင်း ကားလေးနဲ့သူမကိုလာကြိုတတ်တဲ့ မင်းမျိုးထင်

"အော် မျိုးထင် နင်ရောက်လာပြန်ပြီ မလိုပါဘူးဆိုဟာ ငါYBSနဲ့ပြန်လို့ရတယ် "

"အေးဆေးပါဟာ ငါ့မှာအလုပ်မှမရှိတာ နင့်ကိုလာကြိုလိုက်လို့အပန်းမကြီးပါဘူး"

"ဘာအလုပ်မရှိဘူးလဲ နင့်ဆေးခန်းကြီးကိုနင်ပစ်ထားခဲ့တယ်မလား နင်နော် လူနာတွေကိုဂရုစိုက်မှပေါ့ ဆရာဝန်ဆိုတာက.."

"ကဲ တော်ပါတော့ မယ်မင်းကြီးမရယ် သိပ်ကိုတရားချနိုင်လွန်းတယ် ဆေးခန်းမှာတခြားဆရာဝန်တွေလဲရှိပါတယ်ဟ လာပါ လေမရှည်နဲ့ ကားပေါ်တက်"

မျိုးထင်က သူမလက်ကိုဆွဲကာ ကားပေါ်အတင်းတွန်းတင်သည် သူမကိုအခုလိုအကြိုအပို့လုပ်ပေးနေတာက တခြားသူတွေအမြင်မှာတော့ ပြောစရာဖြစ်နေပေမယ့် ကမ္ဘာပေါ်မှာသူမကိုဂရုစိုက်စာနာပေးတတ်တဲ့သူက မျိုးထင်တစ်ယောက်ပဲ ရှိတာမဟုတ်လား ဒီတော့သူရဲ့စေတနာတွေကို သူမမငြင်းရက်ပါ

"ဟဲ့ ထပ်ပြီးလူတွေပြောဆိုမှာကို တွေးနေပြန်ပြီလား"

"ငါမတွေးတော့ပါဘူးဟာ ငါ့မှာကနင်ပဲရှိတာလေ ပတ်ဝန်းကျင်ကြောင့်နဲ့နင့်ကိုစိတ်မကွက်ဘူး စိတ်ချ"

"အေး ပြီးရော နင့်အိမ်မှာရောအခြေအနေဘယ်လိုရှိလဲ နင့်အဖေနင့်ကိုရိုက်သေးလား"

"ဒီရက်ပိုင်း ငါ့အဖေရော အမေရောနှစ်ယောက်လုံး အိမ်တောင်မကပ်ပါဘူးဟာ ညဘက်တွေလဲပြန်လာမအိပ်ဘူး"

"ဟုတ်လား အိမ်မှာနင်တစ်ယောက်ထဲအဆင်ပြေရဲ့လား နင့်အိမ်ကနည်းနည်းချောင် ကျတယ် တစ်ခုခုဆိုအားမနာနဲ့ ငါတို့အိမ်လာအိပ် Melody "

"အေးပါဟယ် ငါအဆင်ပြေပါတယ် စိတ်မပူပါနဲ့ "

"အော် နင့်ကိုပြောရဦးမယ် နင့်အဖေနဲ့အမေ အခုတလော လောင်းကစားရုံကြီးတစ်ခုနားမှာ တဝဲလည်လည်နဲ့နော် တစ်ခါဆိုအဲ့ထဲကနေ ထွက်လာကြတာ"

"ဟင် လောင်းကစားရုံဟုတ်လား မျိုးထင်"

"ဟုတ်တယ် မြို့ထဲကလောင်းကစားရုံကြီးဟ ချောင်နည်းနည်းကျတဲ့ဘက်မှာ ရှိတယ်ဆိုပေမဲ့ တော်တော်ကြီးတော့ကြီးတာဟ နာမည်က ဘာဆိုလား အော် သိပြီ 'Dave' တဲ့"

My Melody 🎵🎶Where stories live. Discover now