Part 6(Uni+Zaw)

1.4K 28 8
                                    

Unicode

တလှိမ့်လှိမ့်ဆင်းလာတဲ့မျက်ရည်တွေနဲ့ကို လက်ခုံနဲ့ခပ်ကြမ်းကြမ်းပွတ်သုတ်ရင်း ရှိုက်သံမထွက်အောင်လဲ ကျန်တဲ့လက်တစ်ဖက်က ပါးစပ်ကိုဖိအုပ်ထားရသေးသည်
ရောက်နေတဲ့နေရာက KTV က Toilet

ဝတ်ထားတဲ့ ဟိုနားမလုံ ဒီနားပေါ် ဝတ်စုံကိုလဲရင်း မှန်ထဲမှာထင်ဟပ်နေတဲ့ကိုယ့်ကိုကိုယ် ကြည့်ပြီးရီလဲရီမိပါသေးသည်

"ဟက် ငါနဲ့တောင်မတူလိုက်တာ တကယ့်မိန်းမပျက်ကြီးအတိုင်းပဲ "

နားထင်နားထိရောက်မတတ်
ချွန်နေအောင်ဆွဲထားတဲ့ eyeliner
နှုတ်ခမ်းနီခပ်ရဲရဲ
မိတ်ကပ်ထူထူ
ဆံပင်ဖြူဖြူကို ကောက်ပြီး
ဇွတ် sexy ဆန်ထားရသည့်အချိန်တွေမှာ သူမနေရကြပ်ထိုင်ရကြပ်နှင့် ကုန်ဆုံးခဲ့သည်

ခုတော့ ဒါတွေမလိုတော့ဘူးလေ
မနက်ကထဲက အလုပ်တွေအားလုံးက ပြုတ်ပြီ အခုအမြဲအားထားနေရတဲ့ ဒီKTV ကလဲထုတ်ခံလိုက်ရပြီ
ယောကျာ်းတကာနဲ့ ထိတွေ့စရာလဲမလိုတော့ဘူး
ငါမလိုချင်တဲ့ဘဝကကျွတ်ပြန်တော့လဲ ငါမပျော်ရပြန်ပါလား

************************************

"Boss လူတစ်ယောက်က ဂိတ်ဝမှာတစ်ချိန်လုံး အထဲဝင်ခွင့်တောင်းနေတယ်"

"မင်းတို့က သေနတ်မကိုင်တတ်လို့လား ပစ်သတ်လိုက်လေ"

"အဲ့လူက Boss ကောင်မလေးနဲ့ တစ်ချိန်လုံးတွဲသွားနေတဲ့ တစ်ယောက်ပါ"

"........"

'' Boss ကျွန်တော်ရှင်းလိုက်ရမလား ''

''ငါမှန်းထားတဲ့အတိုင်း ကျိန်းသေရောက်လာတာပဲ မင်းသူ့ကို ဒီထိရောက်အောင်ခေါ်လာခဲ့လိုက် Rei "

''ဟုတ်ကဲ့ Boss"

ဟက် တစ်စုံတစ်ယောက်က ငါ့မင်းသမီးလေးအတွက် စွန့်စားချင်နေတာပဲ
........................................................................

တစ်အိမ်လုံးကိုအကဲခတ်ကြည့်ရသလောက်ဆို တစ်ဖက်ကကောင်က ပေါ့သေးသေးတော့ မဟုတ်
စိတ်ထဲမှာတော့ Melody ရဲ့အဖေနဲ့အမေ ကို လက်သီးနဲ့ထိုးနေတာ အကြိမ်ပေါင်းတော့ မနည်းဘူးပေါ့

"ငါ့ကိုတွေ့ချင်ရတဲ့ အကြောင်းရင်းက..."

ဂျွတ်ဆတ်ဆတ် မျက်နှာပေးနဲ့ ခပ်ရင့်ရင့်စကားစလိုက်တဲ့ တစ်ဖက်ကလူကို သူအချိန်တစ်ခုလောက်ထိ စိုက်ကြည့်မိတယ်

My Melody 🎵🎶Where stories live. Discover now