Part 7(Uni+Zaw)

1.4K 36 10
                                    

Unicode

"Boss ဒီနေ့စာမေးပွဲနောက်ဆုံးနေ့ပါ ကျွန်တော်ကောင်မလေးကိုသွားခေါ်လာခဲ့ရမလား"

"ရတယ် နေရောင်
မင်းကမြစ်ကြီးနားဖက်ကို မင်းလူတွေနဲ့ သွားလိုက်
1 billion ရော ပစ္စည်း တွေရော အကောင်းတိုင်းငါလိုချင်တယ်"

"ဟုတ်ကဲ့ Boss ကျွန်တော်အခုပဲသွားလိုက်ပါမယ်"

"Rei မင်းက ငါ့မင်းသမီးလေးဆီသွား
ငါ့ဆီကို မရရတဲ့နည်းနဲ့ ပါအောင်ခေါ်လာခဲ့"

"ဟုတ်ကဲ့ Boss"

"နေဦး... "

နေရောင်နဲ့ Rei က
သူ့ရဲ့အားအကိုးရဆုံး ဘယ်လက်ရုံးနဲ့ ညာလက်ရုံး ဖြစ်သည်

နေရောင်က သူခိုင်းသမျှအလုပ်အပြင် တခြားမခိုင်းတဲ့အလုပ်တွေကိုပါ အလိုက်တသိကြိုလုပ်ထားလေ့ရှိပေမဲ့
Rei ကတော့အဲ့လိုမဟုတ်

ပြင်သစ်လူမျိုးတစ်ယောက်ဖြစ်တဲ့ Rei က နိုင်ငံခြားသားဖြစ်လို့ပဲ အကင်းမပါးတာလားတော့မသိ ခိုင်းတဲ့အလုပ်ကို တိတိကျကျလုပ်တတ်သည့်အပြင် တိကျလွန်းလို့ တစ်ဖက်ကမ်းလွန်ပြန်သည်

နေရောင်နဲ့ Rei ရဲ့မတူညီတဲ့အချက်ကတော့ နေရောင်ကအနည်းငယ်ကြင်နာတတ်ပြီး
Rei ကတော့ အလွန်ပြတ်သားသည်
ဒါကြောင့် Rei ကိုအလုပ်တစ်ခုခိုင်းရင်
အပြည့်အဝပြောဖို့ လိုအပ်သည်

"မရရတဲ့နည်းနဲ့ ငါ့ဆီပါအောင်ခေါ်လာခဲ့
ဆိုတာ
အရှင်နော် Rei ငါအရှင်လိုချင်တာ"

သူ့စကားကြားတော့ Rei ကခေါင်းအနည်းထောင်ကြည့်သည်

"ငါထင်တာတကယ်မမှားဘူးပဲ မင်းသတ်ပြီးခေါ်လာဖို့တွေးထားတာမလား "

"........"

Rei ဘက်က ဘာသံမှထွက်မလာ

"သေချာနားထောင် Rei
ဟိုတစ်ခါ သူလျိုတုန်းကလို မင်းလုပ်လိုက်လို့မရဘူး
သူကမတူဘူး
ငါ့အတွက်အသက်ရှင်လျက်ရှိနေမှ ရမယ့်လူမျိုး
သဘောပေါက်လား "

"ဟုတ်ကဲ့ Boss"

"ဘာထိခိုက်ဒဏ်ရာမှလဲ ရလာလို့မဖြစ်ဘူးနော် သူ့အသားကိုနာအောင်မလုပ်နဲ့"

"ဟင်.."

သူအနည်းငယ်ရှုပ်ထွေးသွားရသည်
အသေမလိုချင်ဘူးဆိုလို့ နှစ်ချက်သုံးချက်လောက်ထိုးပြီး ဖမ်းလာမလားတွေးနေတာကို အခုBoss က အသားလဲမနာစေနဲ့ဆိုတော့ ဘယ်လိုဖမ်းရတော့မလဲ

My Melody 🎵🎶Where stories live. Discover now