Unicode
"မဟုတ်တော့ဘူး ဒီတိုင်းဆိုသေချာနေပြီ"
ရင်ခွင်ထဲမှာမလှုပ်မယှက်ငြိမ်နေတဲ့ကောင်မလေးကို ကြည့်ပြီးသူ့စိတ်သိပ်မချမ်းသာနိုင်တော့
"အပြင်မှာဘယ်သူရှိလဲ ဝင်လာခဲ့"
"Boss ကျွန်တော်ရှိပါတယ်"
"နေရောင် ဟိုကောင်ရော Rei ဘယ်မှာလဲ"
"ဟို အကျဥ်းခန်းထဲသွားထိုင်နေမယ် ထင်တယ် "
"ကျစ် ခေါ်ခဲ့ ခွေးကောင်ကို"
"ဟုတ်ကဲ့ Boss"
"တော်ပြီ အဲ့ခွေးကောင်ကိုအသာထား ဆရာဝန်ပဲခေါ်ခဲ့တော့ "
"Boss ဟို...ကျွန်တော်တို့ဝန်းထဲကို ဘယ်ဆရာဝန်မှ မလိုက်ဘူးလေ "
"အဲ့တော့ဘာလဲ ငါကထိုင်ကြည့်ရမှာလား ဒီမှာ ငါ့မင်းသမီးလေးက ကိုမာဝင်သွားပြီလားတောင်မသိတာ "
"ဟို... Rei ကလက်စပြင်းတယ်ဆိုပေမဲ့ Boss မှာလိုက်တဲ့အတွက် သူကိုမာဝင်အောင်တော့လုပ်လိုက်မယ် မထင်ပါဘူး"
"လက်စသာမပြင်းတာ ညရှစ်နာရီထိုးနေပြီ ခုထိသတိမရသေးဘူး သွား တွေ့တဲ့ဆရာဝန်သာခေါ်လာခဲ့ ကြိုက်တဲ့နည်းသုံး ဒီကိုပါလာရင်ရပြီ"
"အင်း....."
ခပ်တိုးတိုး ညည်းသံလေးနဲ့ကြောင့် မာန်မင်းခ ရဲ့အမိန့်စကားတွေ ခေတ္တရပ်တန့်သွားသည်
"ဟင် သူသတိရလာပြီ
မင်းထွက်သွားတော့ ရပြီ "မျက်စိကိုအတင်းကြိုးစားပြီးဖွင့်ကြည့်လိုက်တော့ သူ့ကိုစိုးရိမ်တကြီးကြည့်နေတဲ့ အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရသည် ဟင် သူက
"ရှင် ရှင် ရှင်ဘယ်လိုလုပ်ပြီး...အာ့"
ဆတ်ခနဲ့ထထိုင်လိုက်တော့ ဇက်ပိုးကလာတဲ့ဆိုးဆိုးရွားရွား နာကျင်မှုတစ်ခု လူကလဲအနည်းငယ် ရီဝေနေသေးသည်
"အား နာလိုက်တာ "
"အရမ်းနာနေသေးတာလား "
"ဖယ် ရှင့်လက်"
သူ့ပုခုံးနှစ်ဖက်ကို လာကိုင်တဲ့ လက်နှစ်ဖက်ကို ခပ်ကြမ်းကြမ်းရိုက်ချပြီး
YOU ARE READING
My Melody 🎵🎶
Romanceထွက်ပြေးတော့ရော................. ............ လွတ်မှာတဲ့လား ကလေးမလေးရယ်