Unicode
တစ်နာရီနီးနီးပတ်ပြေးနေမိပေမယ့်
Melody ခုချိန်ထိ ဒီခြံဝန်းကြီးထဲကမထွက်နိုင်သေး
လမ်းမကြီးပေါ်တက်ပြေးရင် မာန်မင်းခရဲ့လူတွေ မြင်မှာစိုးလို့
ချောင်ချိုချောင်ကြားကနေ ပုန်းလျိုးကွယ်လျိုး သွားနေရတော့ ပိုပြီးလမ်းပျောက်နေရသည်"ရပ်လိုက်စမ်း "
အသံလာရာဆီလှည့်ကြည့်မိတော့ သေနတ်ကိုင်ထားတဲ့ လူသုံးယောက် သူ့ဆီကိုလမ်းလျှောက်လာနေတာကိုတွေ့ရသည်
သူပြေးချင်ပေမဲ့
သေနတ်နဲ့ပစ်လိုက်မှာကိုလဲ ကြောက်ရသည်မို့ မပြေးပဲ ငိုင်တိုင်တိုင်နဲ့ ရပ်နေမိသည်"မင်းကဘယ်သူလဲ ဒီဝန်းထဲဘယ်လိုရောက်လာတာလဲ "
"ဟျောင့် မင်းအဲ့လိုသွားပြောနေလို့ဘယ်လိုသိမှာလဲ နိုင်ငံခြားသူကြီးဟာကို"
"ခိုးဝင်လာတာနေမှာပေါ့
ဒါတွေကအရေးမကြီးပါဘူး ကျားရဲတွင်းထဲခုန်ချလာရဲတဲ့ယုန်သူငယ်ဆိုတော့လဲ ကျားစာပဲဖြစ်မှာပေါ့"ရိသဲ့သဲ့ပြောပြီး သူ့လက်ကိုလက်ဆွဲလိုက်သည်မို့ Melody လဲတိတ်ဆိတ်မနေနိုင်တော့ပါ
"ရှင်တို့ဘာလုပ်တာလဲ ကျွန်မလက်ကိုလွှတ် ကျွန်မကိုရှင်တို့လူကြီးခေါ်လာတာနော်"
"မင်းကမြန်မာစကားကောင်းကောင်းပြောနိုင်တာနဲ့ပဲငါတို့ကိုပတ်လို့ရမယ်ထင်တယ်ပေါ့
ငါတို့ဘောစိက ဘယ်တော့မှမိန်းမတွေခေါ်မလာဘူးကွ ဟားဟားဟား""ကျွန်မကရှင်တို့ကိုဘာလို့လိမ်ရမှာလဲ
မယုံရင် ကျွန်မကိုရှင်တို့ဘောစိဆီခေါ်သွားလိုက်လေ
ရှင်တို့အဲ့ခါသိလိမ့်မယ်""ဒါတွေမလိုပါဘူး
မင်းပြောသလို မင်းကတကယ် ဘောစိခေါ်လာတာဆိုရင်လဲ ဘောစိ မမြင်ခင်မင်းကိုလက်စဖျောက်ပစ်လိုက်လို့ရတာပဲ
ဟားဟားဟား""ဟျောင့်တွေ ချုပ်ထားကွာ"
"ရှင်တို့မယုတ်မာနဲ့နော် ကယ်ကြပါဦး ကယ်ကြ.. အွန်း.."
ပါးစပ်ကိုလက်ဖြင့်အုပ်ထားပြီး လက်တွေခြေတွေကိုလဲအချုပ်ခံထားရတော့ Melody လှုပ်လို့လဲမရ အော်လို့လဲမရနဲ့ မျက်ရည်တွေပဲစီးကျလာသည်
YOU ARE READING
My Melody 🎵🎶
Romansaထွက်ပြေးတော့ရော................. ............ လွတ်မှာတဲ့လား ကလေးမလေးရယ်