Part 3(Uni+Zaw)

3.4K 96 0
                                    

Unicode

ကျောင်းဝင်းထဲကနေ လွယ်အိတ်လေးလွယ် စာအုပ်လေးတွေပိုက်ပြီးထွက်လာတဲ့ကောင်မလေးက အခြားမိန်းကလေးတွေနဲ့မတူအောင် တစ်မျိုးကွဲထွက်နေသည် သစ်လွင်တဲ့အဝတ်အစား စျေးကြီးသောမိတ်ကပ် နောက်ဆုံးတောက်ပသော အပြုံးလေးတစ်ပွင့်တောင် ဆင်ယင်ထားခြင်းမရှိပေမဲ့ တခြားမိန်းကလေးတွေထက် အဆပေါင်းများစွာလှနေရခြင်းကြောင့် ကျောင်းသားတချို့ကလဲ စောင်းကြည့်စွေကြည့်တော့ရှိကြသည်

"Boss ဒီပုံထဲကမိန်းကလေးက အဲ့တစ်ယောက်ပဲ"

".........."

သူဘာမှပြန်မပြောမိ ကျောင်းဝင်းထဲကထွက်လာတဲ့ ကောင်မလေးသူ့ကားနားကနေဖြတ်သွားတဲ့အထိ ငြိမ်ပြီးကြည့်နေမိတယ်

မျက်ဝန်းလေး ဟုတ်တယ် သူမပဲ သူမမှသူမအစစ်ပဲ

"နေရောင် မင်းဒီကောင်မလေးအကြောင်းအကုန်စုံစမ်းလာခဲ့ "

"ဟုတ်ကဲ့ Boss"

တစ်စုံတစ်ယောက်က သူမကိုတိတ်တဆိတ် ငေးကြည့်နေတာကို မသိတဲ့ကောင်မလေးကတော့

"မျိုးထင် နင်လာပြန်ပြီ ဟိုနေ့ကမိုးမိထားလို့ဖျားနေတယ်ဆို "

"နင့်ကို ငါ့အမေကအိမ်ကိုခေါ်လာခဲ့ဆိုလို့"

"ဟင် မေမေလေးက ငါ့ကိုဘာလို့?"

မျိုးထင်ရဲ့အမေကို သူမကမေမေလေးလို့သာ ခေါ်သည် နိုင်ငံခြားသားဘောစိကြီးရဲ့ပိုက်ဆံကို ကလေးဗန်းပြပြီး ညှစ်နိုင်မယ်ထင်ပေမဲ့ အထင်နဲ့အမြင်လွဲခဲ့ရတဲ့ အမေရင်းက သူမကိုနို့လေးတစ်စက်တိုက်ဖို့တောင် မကြည်ဖြူတဲ့အချိန်မှာ မျိုးထင်ရဲ့အမေနဲ့အဖေကပဲ သူမကိုသူ့သားနဲ့အတူကျွေးမွေးပြုစုပေးခဲ့သည် ဒါကြောင့် သူမကမျိုးထင်ရဲ့မိဘတွေကို မေမေလေးနဲ့ဖေဖေလေးဆိုပြီး ခေါ်သည်

"နင့်အမေ သူ့ဇယားကြီးကို အိမ်ထိခေါ်သွင်းလာတယ် ပြီးရင်အဲ့ဇယားတွေကနင့်ကိုမြင်တိုင်း ခွေးကြီးတွေလို သရေတမျှားမျှားနဲ့မို့ စိတ်မချလို့ ခေါ်ခိုင်းလိုက်တာ"

"အော် အင်းလေ ငါနင်တို့အိမ်ကိုလိုက်ခဲ့လိုက်မယ် မေမေလေးရဲ့လက်ရာတွေလဲမစားရတာကြာပြီဆိုတော့ ထမင်းစားပြီးမှပြန်လိုက်မယ်"

My Melody 🎵🎶Where stories live. Discover now