Part 4(Uni+Zaw)

3.4K 105 0
                                    

Unicode

"""" Ting Ting Ting Ting """"

အနွေးထည်အိတ်ကပ်ထဲကတုန်ခါနေတဲ့ဖုန်းလေးကို ထုတ်ကြည့်လိုက်တော့ ထင်တဲ့အတိုင်း ကိုမင်းမျိူးထင်

"Hello မျိုးထင်"

"နင်မလာသေးဘူးလား ငါကရောက်နေပြီနော်"

"ငါအလုပ်ကနေထွက်လာပါပြီ အခုကားစောင့်နေတယ်"

"YBS စောင့်စီးမနေနဲ့နော် Taxiစီးလာခဲ့ ဒီရောက်ရင် ငါပေးမယ်"

"အေးပါ အေးပါ ဒါပဲ"

ဖုန်းချပြီးနောက် ဖုန်းScreenမှာပေါ်လာတဲ့ မျိုးထင်နဲ့ သူမတို့နှစ်ယောက်ရဲ့ပုံကိုကြည့်ပြီး သူမရယ်လိုက်မိသည် ပုံထဲမှာသူမကတည်တံ့နေပေမယ့် မျိုးထင်ကမျက်လုံးကိုစွေပြီး လျှာထုတ်ကာပြောင်ပြနေသည် အခုလဲ သူ့မွေးနေ့ကို သူဝယ်ပေးထားတဲ့အဝတ်အစားလေးတွေဝတ်ကာ လာမည်ဆိုသောကြောင့် စိတ်မရှည်စွာ ဖုန်းတဂျီဂျီဆက်နေခြင်းဖြစ်သည်

"""""""ကျွီ"""""""

ရုတ်တရတ်သူမရှေ့မှာထိုးရပ်လိုက်တဲ့အနက်ရောင် ကားတစ်စီးကြောင့် သူမလန့်ပြီးနောက်ဆုတ်လိုက်သည် ထိုစဥ်ကားပေါ်ကအနောက်တိုင်းဝတ်စုံနဲ့လူတစ်ယောက်ဆင်းလာပြီး

"မိန်းကလေး ကျွန်တော်တို့နဲ့လိုက်ခဲ့ပေးပါ"

"ဟမ် ကျွန်မကဘာလို့လိုက်ရမှာလဲ ကျွန်မမှရှင့်ကိုမသိတာ"

"ကျွန်တော်တို့ Bossက မိန်းကလေးကိုခေါ်ခိုင်းလိုက်လို့ပါ"

"လာပြန်ပြီ ကျွန်မကရှင်တို့ကိုတောင်မသိတာ ရှင်တို့Bossဆိုဝေးသေး လူမြင်ကွင်းကြီးမှာနော် ရှင်တို့ရုတ်ရုတ်ရုတ်ရုတ်လုပ်ရင် ကျွန်မအော်လိုက်မှာ"

"ကောင်းပါပြီ ဒါဆိုမိန်းကလေး ဒီပုံကိုတစ်ချက်ကြည့်ပေးပါ"

ထိုလူက သူ့ဖုန်းကိုဖွင့်ပြီး ပုံတစ်ပုံပြသည်

ဟင်..... ဒါက..အဖေနဲ့ အမေ

ပုံထဲတွင် သူမ၏မိဘနှစ်ပါးကို ခုံပေါ်တွင်ထိုင်ခိုင်းပြီး ကြိုးနဲ့တွဲချည်ထားသည် မျက်နှာတွင်လဲ ဒဏ်ရာအနည်းငယ်ရှိသည်မို့ သူမစိတ်ပူသွားသည်

My Melody 🎵🎶Where stories live. Discover now