Part 5(Uni+Zaw)

5.2K 135 28
                                    

Unicode

အိမ်ပြန်ရောက်တာနဲ့ ဗီရိုထဲကအဝတ်အစားတွေနဲ့ သိမ်းစရာရှိတဲ့ပစ္စည်းတွေသိမ်းရင်း သူမခေါင်းထဲဝင်လာတဲ့ အတွေးတစ်စ...

တစ်ခါမှ မအေးချမ်းဖူးတဲ့ ဒီအိမ်

ငါအလုပ်ကပြန်လာတိုင်းလဲ ကြိုဆိုမယ့်သူမရှိတဲ့ ဒီအိမ်

မိုးတွင်းတွေဆို မိုးတွေယိုလွန်းလို့ မအိပ်ပဲတစ်ညလုံး ရေတွေလိုက်သုတ်နေရတဲ့ ဒီအိမ်

နောက်ဆုံး မိသားစုဓာတ်ပုံလေးတောင် မရှိတဲ့ ဒီအိမ်

အဲ့လို အိမ်စုတ်ကလေးကို ငွေတိုးချေးစားတဲ့သူတွေဆီက အပေါင်ဆိုင်တွေကနေ ငါနည်းလမ်းအမျိူးမျိုးနဲ့ ပြန်ရွေးခဲ့တယ် ဒါပေမဲ့ နောက်ဆုံးတော့ ငါလုပ်ခဲ့တာတွေက အားလုံးအချည်းနှီးပဲ ငါNight Clubတွေ Barတွေမှာပဲ Waiterလုပ်လုပ် KTVမှာပဲ သီချင်းတွေဆိုဆို နောက်ဆုံး ငါ့ခန္ဒာကိုယ်ကိုအသုံးချပြီးလုပ်စားရင်တောင် နောက်ဆုံးငါပဲပြိုလဲရမှာပဲ

သူမခုတင်ခြေရင်းလေးမှာ ခွေခွေလေးအိပ်လိုက်ပြီး နောက်ဘာဆက်လုပ်ရမလဲ တွေးနေပေမယ့် သူမခေါင်းထဲပေါ်လာတဲ့တစ်ခုတည်းသောအရာက အဲ့လောက်ပိုက်ဆံအများကြီး ဘယ်မှာမှမရနိုင်ဘူး ဆိုတာပဲ

""""""" Ahhhhhhhh!!! ဒီလောက်စိတ်ပျက်စရာကောင်းတဲ့ ဘဝကြီးနဲ့ ကျွန်မကိုဘယ်လိုများ လူအဖြစ်ဖန်ဆင်းပေးလိုက်တာလဲ ဒီတိုင်း အသေလေးပဲ မွေးလာလိုက်ရောပေါ့ အီး ဟီးဟီး""'''''''''''

သူမအခုလိုသည်းကြီးမည်းကြီးငိုဖူးတာ ဒါပထမဆုံး ဖြစ်လိမ့်မည်

"Melody!"

အခန်းဝကလာတဲ့ ရင်းနှီးနေတဲ့အသံကြောင့် သူမ လှည့်ကြည့်မနေတော့ပါ

"Melody နင်ဘာဖြစ်လို့ငိုနေတာလဲ အိမ်ဝမှာထဲက နင့်အော်သံကြားလို့ ငါအမြန်ပြေးဝင်လာတာ"

မျိုးထင်ကသူမအနားကိုစိုးရိမ်ပူပန်စွာနဲ့ အပြေးလေးရောက်လာသည်

"ဘာဖြစ်တာလဲ ငါ့ကိုပြောပြစမ်းပါ အဲ့လိုကြီးပဲ ငိုမနေစမ်းပါနဲ့ ရင်တွေပူတယ်ဟ"

"ငါ....ငါဒီအိမ်ပေါ်ကနေ ဟင့် ဆင်းပေးရတော့မယ် အဖေတို့က.."

"မပြောနဲ့တော့ ရပြီ ငါသိပြီ နင့်မိဘတွေကြောင့် နင်အိမ်ကဆင်းရမှာမလား ဒါများမငိုစမ်းပါနဲ့ ငါပြန်ရွေးပေးမှာပါပေါ့ "

My Melody 🎵🎶Where stories live. Discover now