Part 9(Uni+Zaw)

1.3K 32 5
                                    

Unicode

"ခေါ်ခဲ့ ဟိုကောင်ကို.."

"Rei က နယ်စပ်ကိုသွားတယ် Boss"

"ဘာ! မင်းဘာလို့လိုက်မသွားတာလဲ
ထပ်ပြီး အကုန်သတ်လာဦးမှာလေ"

"ဟို...."

"ကြာရင်ငါလဲ ဒီလောကမှာရောင်းဝယ်စရာလူရှိမှာမဟုတ်တော့ဘူး

ဟိုခွေးကောင်အကုန်သတ်ပစ်တာနဲ့...

မင်းကိုငါစုံစမ်းခိုင်းတာကရော သိရပြီလား"

"ဟုတ်ကဲ့ မင်းမျိုးထင်ဆေးရုံမှာပါ ခုထိသတိမရသေးပါဘူး"

"အေး ကောင်းတယ် သိပ်ကောင်းတယ်
မင်းမျိုးထင်တစ်သက်လုံး
သတိပြန်မရလာတော့ရင် ဟိုကောင့်ကိုပါခေါင်းဖြတ်သတ်ပြီး
တစ်ခါထဲ အခေါင်းထဲတူတူထည့်ပေးလိုက်တော့ "

နေရောင်က Boss အခြေအနေမကောင်းမှန်းသိတော့ ခေါင်းကြီးပဲဇွတ်ငုံ့ပြီး အသံတိတ်နေတယ်
မျက်နှာတည်နဲ့
တစ်ချိန်လုံးဂုဏ်ယူသလိုလုပ်နေတဲ့ကောင်ကိုတော့
အသိတရားဝင်အောင် လက်သီးနဲ့နှစ်ချက်လောက်ပြင်းပြင်း ဆင့်ထိုးမှ အဆင်ပြေတော့မယ်ထင်..

"ငါဒီနေ့ အရေးကြီး meeting ရှိလို့ Company ခဏသွားမယ်"

"ဟုတ်ကဲ့ Boss ကျွန်တော်ကားသွားထုတ်လိုက်မယ်"

"မင်းမလိုက်နဲ့ ငါ့ဘေဘီလေးနားမှာပဲနေ

ဟိုကောင် Rei ကိုအိမ်မကြီးထဲဝင်မလာစေနဲ့ ဝန်းထဲက ကြိုက်တဲ့အိမ်မှာနေခိုင်း

ကျန်တဲ့ကောင်တွေလဲ တစ်ကောင်မှအိမ်မကြီးထဲမဝင်စေနဲ့ "

"ဟုတ်ကဲ့ Boss
ကျွန်တော်ကလေးမလေးကိုသေချာကြည့်ထားပါ့မယ်"

"ကြည့်ရမှာမဟုတ်ဘူး ...
ငါ့ဘေဘီလေးကငါတစ်ယောက်ထဲ ကြည့်ရမှာ
မင်းတာဝန်က စောင့်ရှောက်ရမှာ"

"ဟုတ်ကဲ့ Boss"

"ငါ့ဘေဘီလေးကို နိုးလာရင်တစ်ခုခုကျွေးလိုက်
ကြိုက်တဲ့နည်းသုံး
ဗိုက်ထဲဝင်ရင်ရပြီ"

ကြိုက်တဲ့နည်းသုံးဆိုတဲ့စကားကို နေရောင်နဲ့တော့ Davidရဲရဲတင်းတင်းပြောရဲပါသည် နေရောင်ကအမြဲအရိပ်အချည်သိပြီး အကင်းပါးတဲ့သူမို့

My Melody 🎵🎶Where stories live. Discover now