S 2: Ch 1 - The Past (1)

1.5K 182 49
                                    

(Zawgyi)

သေဆုံးခြင်းနှင့် ရှင်သန်ခြင်း သံသရာတွင် လည်ပတ်နေသရွေ့......
ဖူးစာကြိုးနီလေးသည် ဖြတ်သန်းရမည့် ဘဝအဆက်ဆက်သို့ လိုက်ပါရန် အသင့်... ။

.........

အတိတ်ကာလ ...
သို့မဟုတ်... လွန်ခဲ့သော နှစ်ကိုးထောင် ... ။
.
.
.

နေလာနှင်းပျောက် ... နှင်းမှုန်နှင်းစက်တို့သည် နေရောင်ဖြာတိုင်း အခိုးအငွေ့လေးအဖြစ်ပြောင်းကာ ပျောက်ကွယ်ကြရသည် ။

သူသည် နှင်းစက်ကလေးဖြစ်သည် ။ နေရောင်ခြည်နွေးထွေးသော နွေဥတုသို့ရောက်တိုင်း သူ အိပ်ပျော်ကာ ပျောက်ကွယ်သွားရသည် ။ အေးမြသောဆောင်းရာသီသို့ရောက်တိုင်း သူ ပြန်လည်နိုးထကာ မောန်စရွမ် သားရဲဘုံ တခွင် လှည့်လည်သွားလာသည် ။

သူသည် အမည်နာမ မရှိသည့် နှင်းမိစ္ဆာငယ်လေး ဖြစ်သည် ။ သူဝတ်ထားသည့် အဖြူရောင်ကီမိုနို နှင့် ထပ်တူညီစွာပင် သူ့အသားအရောင်ကလည်း နှင်းကဲ့သို့ စွတ်စွတ်ဖြူသည် ။ လှပသော ငွေမင်ရောင် ဆံနွယ်တို့က ကျစ်ဆံမြီးလေးအသွင်ဖြင့် သူ့ ရင်အုံပေါ်တွင် သာသာယာယာ နားခိုနေသည် ။ အပြာရောင်နှင်းခက်များစီခြယ်သော အဖြူရောင် ထီးကလေးက သူ့ခေါင်းပေါ်တွင် အမြဲလိုလိုရှိနေသည် ။ ကောင်းကင်လို ပြာလဲ့သော မျက်ဝန်းများ ပန်းသီးကလေးလို နီရဲသော နှုတ်ခမ်းလေးများ နှင့် စီခြယ်သော သူ့မျက်နှာလှလှလေးသည် အမြဲလိုလို တည်တံ့နေတတ်သည် ။

ထိုတရက်... ။

သူ ပြေးသည် ... တသက်တာတွင် မပြေးဖူးသော အရှိန်ဖြင့် လျှင်မြန်စွာပြေးသည် ။ လွန်ခဲ့သော အချိန်ခဏက သူ ဖြတ်သန်းသွားလာနေကျ နေရာတွင် လင်းနို့ကြီးတကောင်နှင့် ဝံပုလွေကြီးတကောင် တိုက်ခိုက်နေသည် ။ သားရဲတို့ပျော်စံရာ အရိုင်းဆန်လွန်းသော သားရဲဘုံတွင် ဒီလို တိုက်ခိုက်ပွဲများက အဆန်းတကြယ်တော့ မဟုတ်ချေ။

သူ အေးဆေးစွာဖြတ်သန်းလာခဲ့သည် ။ သားရဲနှစ်ကောင်၏ အော်ဟစ်မာန်ဖီသံများက ရုတ်တရပ် ရပ်တန့်သွားသည် ။ နောက်ကျောမလုံစွာဖြင့် သူလှည့်ကြည့်လိုက်သည် ။ သားရဲနှစ်ကောင်လုံးက သူ့ကို ကြောက်မက်ဖွယ် စိုက်ကြည့်နေသည် ။သူတို့၏ ကြီးမားသော ပါးစပ်များကို ဖွင့်ဟကာ မသက်မသာအသံများကို ထုတ်လွှတ်လိုက်သည် ။ သူတို့၏ ပတ်ဝန်းကျင်ကို ရန်လိုသော အမျက်ဒေါသပြင်းသော အငွေ့အသက်များက ဖုံးကာထားသည် ။
သူတို့၏ မျက်ဝန်းများတွက် သူတို့၏ စိတ်ဝိညာဉ်ကို ကိုယ်စားပြုသော အဝါရောင်နှင့် အနီရောင် တို့ ရှိမနေတော့ ။ သန်းခေါင်ညကောင်းကင်ကဲ့သို့ အနက်ဗြောင်သာ ကြီးစိုးနေသည် ။

The Song of a Willow Tree ( season 1 + 2 ) |[ COMPLETED ]|Where stories live. Discover now