#Rossica (1) Unicode

322 20 3
                                    

( Unicode)

ကြေကွဲဖွယ်ရာ ဇာပန... ။

မင်း ကြိုက်တဲ့ စိန်ခြယ်ကတ္တီပါ(cosmos)ပန်းပွင့်တွေ......။

နောက်ပြီး ကျိုးပဲ့နေတဲ့ ငါ့နှလုံးသား... ။

နှစ်ယောက်သား အတူနေခဲ့တဲ့ ဘဝတစ်ခုမှာ အသားကျချိန်မှ ... မင်းက ငါ့လက်ကို လွတ်ချထားခဲ့တယ်... ။

ဟင့်အင်း...... ခွင့်မပြုနိုင်ဘူး .........။

မင်းကို ငါ ထွက်သွားခွင့် မပြု ဘူး... ။

.
.
.

ချန်းယောလ်လီ......
ငါ မင်းကို ပြောပြချင်လိုက်တာ ။

တစ်ရက်......နှစ်ရက်......သုံးရက်......။
ငါ အရူးလိုပဲ အခန်းထောင့်လေးမှာ ထိုင်ပြီး ငိုင်နေမိတယ် ။နောင်ဘဝတွေအထိ အမြဲ အတူတူရှိကြမယ် လို့ မင်းကတိပေးခဲ့ပြီးတော့ ......
အင်း... ငါ နောက်တစ်ခါ ငိုမိပြန်ပြီ ။

လေးရက်မြောက်နေ့......
တိမ်မျှင်တွေကြားက မှိန်ဖျော့ဖျော့လမင်းကြီးကို ငါ ငေးကြည့်နေတယ် ။ ပြုံးနေတဲ့ မင်းရဲ့ မျက်နှာကို ငါ မြင်ယောင်ဖို့ ကြိုးစားတယ်... ဒါပေမယ်......
ငါ မြင်လိုက်တာ သွေးသံတွေကြားက မင်း ။

ငါ မျက်လုံးတွေကို မှိတ်ချလိုက်တယ် ။ ပြတင်းပေါက်ဘောင်ပေါ် ခေါင်းမှောက်ရင်း ငါ ခပ်တိုးတိုး ရွတ်ဆိုမိတယ် ။

ဆန္ဒတစ်ခုသာ ပြု ရမယ် ဆိုရင်...

ငါ... မင်းကို ပြန်လိုချင်တယ် ။

...
...

* မြှောင်......*

ခပ်တိုးတိုး ကြောင်အော်သံနဲ့အတူ ငါ နိုးလာတယ်။ ပြတင်းပေါက်ဘောင်ပေါ် ခေါင်းမှီပြီး အိပ်ပျော်သွားတာမို့ ငါ့ခေါင်းက အုံခဲလို့ ။ ငါ ခေါင်းကို ဖြေးဖြေးချင်းထူရင်း မျက်လုံးတွေကို ဖြေးဖြေးချင်းဖွင့်လိုက်တယ် ။ ဖွင့်ထားတဲ့ ပြတင်းပေါက်ရဲ့ တံခါးရွက်ပေါ်မှာ ကြောင်တစ်ကောင် ရှိနေတယ် ။ ပြည့်လုဆဲ လမင်းကြီးရဲ့အလင်းရောင် အောက်မှာ ဒီကြောင်ရဲ့အမွှေးတွေဟာ နက်ပြောင်နေတယ် ။ ပြည့်လုဆဲ လမင်းကြီးရဲ့အရောင်အောက်မှာ တောက်ပနေတဲ့ မျက်လုံးဝါတွေက ကြက်သီးထစရာ ဖြစ်နေတယ် ။
ဒါပေမယ့် ငါ မကြောက်မိဘူး ။

The Song of a Willow Tree ( season 1 + 2 ) |[ COMPLETED ]|Where stories live. Discover now