[Unicode]
Ch (1)
*ဂွီ *
" ဗိုက်ဆာလိုက်တာ……ဟင့်…… "
တဂွီဂွီအော်ဟစ်နေသော ဝမ်းဗိုက်လေးအားပွတ်သပ်ရင်း ဘတ်ဟျွန်းနှုတ်ခမ်းလေးကို မဲ့လိုက်မိသည် ။ သူ အစာ မစားသည်မှာ သုံးရက်ခန့်ရှိလေပြီ ။
နက်ပြာရောင်ညကောင်းကင်ကြီးကို ဘတ်ဟျွန်း မော့ကြည့်လိုက်သည် ။ ထိန်ထိန်သာနေသော လမင်းကြီးက ရွှေရောင်ဝင်း
ပလျက်ရှိသည် ။လွန်ခဲ့သော နာရီပိုင်းကအချိန်ကို ဘတ်ဟျွန်ပြန်တွေးမိသည်။
"ကိုယ့်ကိုကိုယ် ဘာလဲ ဆိုတာ သတိရနော် ငယ်ငယ်… "
နှုတ်ခမ်းတွင် ပေကျံနေသော သွေးစများကိုသုတ်ရင်း ဖေဖေက ပြောလာသည် ။ မှောင်ခိုဝယ်ယူရရှိသော သွေးအိတ်ကို ကိုက်ဖောက်လိုက်သည့်ဖေဖေ့အစွယ်များက ချွန်မြနေသည် ။
"ခုတလော တိရစ္ဆာန်တွေ ရှားလာပြီ ဆိုတာ သတိရ… ရော့ … "
လက်ထဲသို့ရောက်လာသော သွေးအိတ်ကို အလန့်တကြားလွတ်ချလိုက်မိသည် ။ ဤအထုတ်သည် လူသား၏ သွေး… လူသွေး များဖြစ်သည်လေ။ ဘတ်ဟျွန်းလုပ်ပုံကို သဘောမကျဟန်ဖြင့် ဖေဖေ့မျက်ဝန်းများက အနီရောင်တောက်ပသွားသည် ။
"မင်းကို ငါလဲ မပြောနိုင်တော့ဘူး ကလေးရေ…… "
ဖေဖေ့ပုံသဏ္ဍာန်က မျက်စိရှေ့တွင်ပင် လျင်မြန်စွာ ပြောင်းလဲသွားသည်။ ကြီးမားသော လင်းနို့တောင်ပံကြီးများကို ဖြန့်ရင်း ဖေဖေကတချက် ငုံ့ကြည့်လာသည် ။
" မင်းက ဒရက်ကူလာ … အဲ့တာကိုမမေ့နဲ့……… "
*မင်းက ဒရက်ကူလာ …… အဲ့တာကို
မမေ့နဲ့……… *ဖေဖေ့စကားကို ကြားယောင်မိပြန်သည်။ သူသည် တကယ်ပင် ဒရက်ကူလာဟုတ်ရဲ့လား ။
ညလေအေးအေးကို ခံစားရင်း မျက်ဝန်းပြာလေးများကို မှိတ်ချလိုက်သည် ။ ဖွေးဖွေးဖြူ သွားသော ဆံပင်လေးများကိုခံစားမိသည် ။ခန္ဓာကိုယ်ဘေးအနားသတ်မှ ထွက်လာသောတောင်ပံများကိုခံစားမိသည် ။ ခြေထောက်နုနုများမှ ကုတ်တွယ်နိုင်သော ခြေသည်းများ အဖြစ် တဖြေးဖြေးပြောင်းလဲသွားသည်ကို ခံစားမိသည် ။ချွန်တက်လာသော နားရွက်လေးများကို ခံစားမိသည် ။
ဖြတ်ကနဲ ပွင့်လာသော မျက်ဝန်းလေးများက အနီရောင် တောက်ပလျက် ။ လေဟုန်ကို ခံစားကာ ကိုယ်ခန္ဓာကို လွင့်မြောပစ်
လိုက်သည် ။ ပျံသန်းရခြင်း၏ ခံစားချက် သည် နှစ်ခြိုက်ဖွယ်ကောင်းလှသည် ။
![](https://img.wattpad.com/cover/242414112-288-k675630.jpg)
YOU ARE READING
The Song of a Willow Tree ( season 1 + 2 ) |[ COMPLETED ]|
Mystery / ThrillerWeeping Willow, stop your tears; There's something to stop your fear. You think death as you do forever part; I know he'll always be in your heart.