S 1 : Ch 14

192 21 0
                                    

(Unicode)

(Unedited Version)

Song Of A Willow Tree
_______________________

အနေခက်စွာဖြင့် ဘတ်ဟျွန်းနှုတ်ခမ်းလေးကို ကိုက်ထားမိသည်…။ ဘတ်ဟျွန်း၏ ခေါင်းလေးကို အုပ်ကိုင်ကာ အမယ်အိုက ပြုံးသည်…။နေမင်း၏ အလင်းရောင်သည် ဖြေးဖြေးချင်း ချုပ်ငြိမ်းသွားသည်… ။ ပတ်ဝန်းကျင်တွင် နီဖျဖျ အလင်းများသာ ကျန်တော့သည်…… ။

"ကဲ……နေဝင်ပြီ…… ရှာဇယာ  နဲ့ ကလေးရဲ့ အမေ… ကလေးကို ပြင်ဆင်ပေးတော့…  "

"ဟုတ်ကဲ့ပါ ဘွားဘွား……  "

"ဝေလ်…… ဒရက်ကူလာခေါင်းဆောင်……
ချန်းယောလ်ကို ခေါ်သွား………"

"လိုက်နာပါ့မယ် အဘွားတော်…… "

"ဟုတ်ပြီ ဘွားဘွား………ဟေ့! လူစုခွဲ … မီးတွေညှိတော့…… "

ကျန်ရစ်ခဲ့သော ကိုကိုက ဖေဖေ့ကို နှုတ်ဆက်နေသည်… ။ မေမေ ဆွဲခေါ်လာသည့်နောက်ကို ဘတ်ဟျွန်းလေး ဘာမှ မသိပါဘဲနှင့် လိုက်ပါ လာခဲ့သည်…။

လှပသော အိမ်ငယ်လေးအတွင်းသို့ ဘတ်ဟျွန်းဝင်မိသည်… ။ အိမ်ငယ်လေးအတွင်းတွင် မေမေ့ကိုယ်သင်းနံ့ဖြစ်သော လာဗင်ဒါနံ့လေးများ သင်းပျံ့လျက်… ။

"ဒါ မေမေနဲ့ မင်းဖေဖေ အတွက် ဟိုပူညံဘဲကြီး ဆောက်ပေးထားတာ… ဝင်ခဲ့…… "

" ပူညံဘဲကြီး ဆိုတာ…  "

"မင့်ယောက္ခထီးကြီးလေ… … "

မေမေ့၏ စကားကြောင့်ဘတ်ဟျွန်း ပြုံးမိသည်…။  ကိုကို့ဒယ်ဒီက စကားများ၍ ထင်ရာစိုင်းတတ် သည့် မေမေ့ကို ဆူပူလိုက်ပြီ ထင်၏…။

"ကဲ … အဝတ်လဲရအောင် ကလေး… ဆွဲကြိုးလေး ဖယ်လိုက်ကွယ်…"

ကိုကို့မာမီက ဘတ်ဟျွန်း၏ လက်ထပ်ဆွဲကြိုးလေးကို ဖြုတ်ယူလိုက်သည်… ။ ဘာမှ မပြောနိုင် သေးခင်တွင် ဘတ်ဟျွန်းသည် အဖြူ ရောင်ဝတ် စုံလေးကို လဲလှယ်ပြီးသွားပြီ… ။

ရိုးရှင်းစွာလှပသော အဖြူ ရောင်ဝတ်ရုံလေးကို ကြည့်ကာ ဘတ်ဟျွန်း ရင်သပ်ရှုမောဖြစ်ရသည်။ ခါးစည်းနှင့် လက်အနား အောက်ခြေအနားတို့ တွင် ရွှေရောင်ခြူ လုံးလေးများကို တပ်ဆင်ထား သောကြောင့် အနည်းငယ်လှုပ်ရှားလိုက်မိလျင် ပင် ချွင်ကနဲ ချွင်ကနဲ မြည်လျက်… ။

The Song of a Willow Tree ( season 1 + 2 ) |[ COMPLETED ]|Where stories live. Discover now