[Unicode]
" ဖွင့်စမ်း… ဒါ ငါ့အမိန့် ! "
လက်ဖျောက်တီးသံ တချက်နောက်မှာလင်းထိန်သွားတဲ့ အေးစက်စက်မြေအောင်ခန်းကြီးက ဒီနေ့မှ သိပ်လှနေတယ် ။ အနက်ရောင်စာအုပ်ကြီးသာ လူတယောက်ဆိုရင် သူ့ကိုပြုံးပြီး ကြည့်နေတဲ့ ငါ့အကြည့်ကြောင့် မနေတတ်မထိုင်တတ်ဖြစ်လောက်မယ်ထင်ပါရဲ့ ။
- စိတ်ကို တည်ငြိမ်အောင် ထားပါ သခင် -
Blackရဲ့အသံကြောင့် ငါ့မျက်နှာကို အတတ်နိုင်ဆုံး တည်တံ့အောင် ငြိမ်ထားလိုက်တယ် ။ ဒီနေ့အတွက် စွမ်းအင်ဖြည့်တင်းရာလည်းရောက်အောင် စိတ်ကျင့်စဉ်တစ်ခုကို လေ့ကျင့်ကြည့်ဖို့ Blackက ငါ့ကို အကြံပေးတယ် ။
Psi Ball လို့ ခေါ်တဲ့ စွမ်းအင်လုံးဟာ ကိုယ်ခန္ဓာထဲက စွမ်းအင်တွေကို လက်ဖဝါးနှစ်ဖက်ဆီမှာ စုစည်းရတဲ့ ကျင့်စဉ်တမျိုးဖြစ်တယ် ။ အောင်မြင်သွားတဲ့အခါ အကာအကွယ်အဖြစ် တမျိုး… တိုက်ခိုက်ဖို့ လက်နက်အဖြစ် တဖုံ … ဥာဏ်ရှိသလိုသုံးနိုင်တယ် တဲ့လေ ။မှော်စွမ်းအားမပွင့်သေးတဲ့ သာမာန်လူတွေတောင် လေ့ကျင့်နိုင်တဲ့ ကျင့်စဉ်လေးမို့ ငါ့လို အဆင့်နှစ်ခုဖြတ်သန်းပြီးသား ကဝေနက်တယောက်အတွက် အလွယ်လေးဖြစ်မှာပါပဲ ။
- အာရုံခြောက်ပါးကို စုစည်းပါ… ခန္ဓာကိုယ်က ငြိမ်သက်ပါ… စိတ်ကို ရှင်းလင်းပါ သခင် … -
အဆုတ်ထဲကို ဝင်ထွက်နေတဲ့ လေတွေဆီကိုပဲ အာရုံကို ပို့ထားလိုက် … လေအေးအေးလေး ဝင်လာတယ် … လေနွေးနွေးလေးထွက်သွားတယ် ။ စိတ်ရှင်းသွားတဲ့အချိန်မှာ Blackရဲ့ ညွှန်ကြားချက်ကို ငါ့စိတ်ထဲမှာ ပဲ့တင်ထပ်သွားတယ် ။
- လက်နှစ်ဖက်ကို နေရာတကျ ထားပါ သခင် -
လက်နှစ်ဖက်ရဲ့ လက်ချောင်းတွေက လက်ဖနောင့်တွေကို ပြန်ထိထားတဲ့ အနေအထား နဲ့ လက်နှစ်ဖက်ကို ထပ်လိုက်တယ် ။ ခန္ဓာကိုယ်ရဲ့ ဗဟိုချက်ဖြစ်တဲ့ ချက်အောက်တစ်လက်မခွဲလောက် နေရာ မှာ လက်တွေကို ထားတယ် ။
- လက်ဖဝါးနှစ်ဖက်ကြားမှာ စီးဆင်းနေတဲ့စွမ်းအင်ကို မြင်အောင်ကြည့်ပါ သခင်-
![](https://img.wattpad.com/cover/242414112-288-k675630.jpg)
YOU ARE READING
The Song of a Willow Tree ( season 1 + 2 ) |[ COMPLETED ]|
Mystery / ThrillerWeeping Willow, stop your tears; There's something to stop your fear. You think death as you do forever part; I know he'll always be in your heart.