ရှမ်းပြည် (၂)

61 3 0
                                    

ညလေအေးသည် ရစ်ချက်၏ ရွှေရောင်ဆံပင်လှိုင်းတွန့်များအကြား ဖြတ်တိုက်သွားသောအခါ ရစ်ချက် ကြက်သီးထသွားရသည်။ နွေဦးရောက်နေပြီဖြစ်သော်လည်း တောင်ပေါ်မြို့လေးကတော့ အေးမြဲ။

"ချမ်းနေလား ဆရာ"

အသံကြည်ကြည်နှင့်အတူ ဘေးနားရောက်လာသည့် ခမ်းနောင်အား သူပြန်ငုံ့ကြည့်ရသည်။ ရစ်ချက်၏ပခုံးနားမှာ အဆုံးသတ်သွားသည့် ခမ်းနောင်၏အရပ်အား သူမရယ်ပဲမနေနိုင်။

သူ့ရယ်သံသဲ့သဲ့ကြောင့် မော့ကြည့်လာသောခမ်းနောင်သည် အခြေအနေကိုစဥ်းစားနေသလို တစ်ချက်ငြိမ်သွားသည်။ ပြီးမှ

"ဆရာ မနက်ဖြန် တောင်ထိပ်ကပန်းခင်းတွေဆီ သွားကြည့်ချင်တယ်ဆို။ ကိုစိုင်းလုံပြောတယ်"

"ပန်းနှမ်းတွေတဲ့။ ငါသေချာကြည့်ချင်လို့။ မနက်ပိုင်း ဒီအလှူပြီးမှ သွားမယ်လေ။ ဒါဘာအလှူလဲ"

"ရှင်ပြုနားသလေ။ ဓလေ့ထုံးတမ်းအစဥ်အလာပေါ့။ သားမွေးရင် ကိုရင် သမီးမွေးရင် မယ်သီလရှင်ပေါ့။ အဲ့လိုမျိုး သာသနာ့ဘောင်ထဲ ဝင်စေခြင်းက ကလေးတွေကို ဘုန်းကံပိုမြင့်စေတယ်လို့ ယူဆကြတယ်လေ။ "

"မင်းရော လုပ်ဖူးလား"

"ရှင်ပြုတာလား။ လုပ်ဖူးတယ်လေ ၊ ကျွန်တော်က ဗုဒ္ဓဘာသာကိုးကွယ်တာပဲကို"

"မင်းတို့အိမ်မှာ လက်ဝါးကပ်တိုင်လေးတွေလည်းတွေ့တယ်"

"အဖွားနဲ့ ခွန်လေးက ခရစ်ယာန် ။ ကျွန်တော်နဲ့အမေက ဗုဒ္ဓဘာသာ။ အဖေခရစ်ယာန်က အမေဗုဒ္ဓဘာသာကို ယူခဲ့တာလေ"

"သြော်"

"မနက်ဖြန်က အလှူရက်မဟုတ်သေးပါဘူး။ မောင်ရင်လောင်းလှည့်ဦးမှာ၊ ရွာဦးစေတီဆီရှင်လောင်းသွားပြမှာလေ ပြီးရင် ဆံချ ။ ပြီးမှ နောက်တစ်နေ့မှ သိမ်ဆင်း၊ ကျွန်တော်တို့တွေက သိမ်စဥ်းလောင်း ပြီးမှ အလှူ"

သူကြီး၏ မြေးများဖြစ်သည့် ကလေးသုံးယောက်နှင့်ကလေးမလေးတစ်ယောက်သည် ပြုံးရွှင်ပျော်မြူးကာ ပြေးလွှားဆော့ကစားလျက်ရှိသည်။ ခမ်းနောင် ရောက်ရောက်ချင်းမှာပဲ ထိုကလေးတွေထဲက အကြီးဆုံးဖြစ်သည့် ဖိုးထူးက ခမ်းနောင်နားကပ်ကာ လာပြောသွားသေးသည်။ 'သား ကိုရင်ဝတ်ရတော့မယ်'တဲ့။

Beautiful MYANMAR [Book (1)]Where stories live. Discover now