ရှမ်းပြည် (၄)

47 3 4
                                    

"ဒါဆို မနက်ကျ အိုးစည်လား"

မမမြတ်၏ အမေးအား ခမ်းနောင် ထမင်းစားနေရင်းမှ မော့ကြည့်ကာဖြေလိုက်သည်။

"ကိုစိုင်း အစီစဥ်ပဲမမ။ ညကျ ဖုန်းဆက်လိမ့်မယ်ထင်တယ်။ သွားဖြစ်ဖို့က ရာခိုင်နှုန်းပိုများတယ်"

မမမြတ်နှင့် ကိုစိုင်းတို့က ရွယ်တူ၊ ကျောင်းတူ၊ တက္ကသိုလ်ပါတူတဲ့သူတွေ။ ကိုစိုင်းက ၉တန်း၁၀တန်းနှစ်တွေမှာ မမမြတ်ကို အသည်းအသန်လိုက်ခဲ့ဖူးသေးတယ်။ တွဲခဲ့ကြဖူးတယ်လို့လည်း သတင်းတွေထွက်ခဲ့တာပါပဲ။ ကိုစိုင်းကလည်း ရုပ်ပိုင်းဆိုင်ရာလည်းအပြစ်ပြောစရာမရှိ ၊ စာလည်းတော်၊ မမမြတ်ကလည်း စာတော်ရုပ်ချောဆိုတော့ ကျောင်းမှာနာမည်ကြီးတွေ။ ခမ်းနောင်တို့ ကျောင်းတက်တဲ့အထိ သူတို့သတင်းက ကျောင်းမှာမွှေးနေတုန်း။ နောက်တော့ ဘာတွေဖြစ်သွားကြမှန်း မသိတော့။

"အေးပေါ့ အေးပေါ့"

"ဟုတ်ကဲ့မမမြတ်။ မနက်ဖြန်က အဲ့ဒီ့ကနေမှ ရွာငံဆက်သွားမယ်တဲ့။ မနက်ကျ ကိုစိုင်းလာလိမ့်မယ်ထင်တယ် "

"အေးအေး"

"ဖွားဖွားကြီး၊ သား ညကျ စာအုပ်လာဖတ်ပြမယ်နော်"

ခေါင်းငြိမ့်ပြသောဖွားဖွားကြီးသည် ထုံးစံအတိုင်း ထမင်းသာဆက်စား၏။ ထမင်းစားဝိုင်းမှာ စကားသိပ်ပြောလေ့မရှိတာက ဖွားဖွားကြီးရဲ့အကျင့်ပင်။

"မမမြတ်၊ ကိုကြီးဇေယျာလည်း မတွေ့ပါလား ။ "

စားပြီးသောက်ပြီးလို့ ပန်းကန်တွေကူဆေးပေးရင်းနဲ့မှ ခမ်းနောင် မမမြတ်ကို တိုးတ်ုးကြိတ်မေးသည်။ ကိုကြီးဇေယျာက အဖိုးဒရိုင်ဘာရဲ့မြေး၊ ဒါ့ကြောင့် ဖွားဖွားကြီးက မမမြတ်နားသိပ်အကပ်ခံချင်တာမဟုတ်။

" တောင်ကြီးသွားတယ်။ ဖွားဖွားကြီးက သူနဲ့ကျ စကားတွေသိပ်ပြောတာနော် ၊ ဘိုလိုကို မွတ်နေတာပဲ"

စကားလမ်းကြောင်း သိသိသာသာလွှဲသွားသော်လည်း ခမ်းနောင်ရယ်သာရယ်မိလိုက်သည်။ အရှေ့ထွက်သွားတော့ ဧည့်ခန်း မီးလင်းဖိုရှေ့ စကားထိုင်ပြောနေကြသော ဖွားဖွားကြီးနှင့် ရစ်ချက်ကိုတွေ့သည်။
စကားကောင်းနေကြပုံရသောကြောင့် ခမ်းနောင်ဝင်မပြောတော့ပဲ ဖွားဖွားကြီးအနောက်မှာပင် ထိုင်နေလိုက်သည်။

Beautiful MYANMAR [Book (1)]Where stories live. Discover now