Unicode
လမ်းမထက်မှာအရှိန်ပြင်းစွာပြေးလွှားနေတဲ့ အနီရောင်ပြိုင်ကားလေးတစ်စီးကတော့ Canadaနိုင်ငံရဲ့ အေးမြလှတဲ့ရာသီဥတုနဲ့ ဆန့်ကျင်လျက်ရှိသည်။
မကြာခင် သခင်အလိုကျ သခင်စိတ်အလိုက်အကြိုက်ဆောင်ပြေးလွှားနေတဲ့ ပြိုင်ကားအနီလေးရဲ့ဦးတည်ရာ Mcgill University ကျောင်းဝင်းကြီးအတွင်းရှိ လမ်းတနေရာမှရပ်ထားသော အပြာရောင်ပြိုင်ကားလေးဆီပင်...
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. #Crdphoto
ကျွီး......ဒုန်း.....
ထိုအသံကြောင့် ပြိုင်ကားလေးနှစ်စီးမှာ ကျောင်းအတွင်းသွားလာနေကြသူများ၏ အာရုံကို အပြည့်ဝရရှိသွားတော့သည်။
မလှမ်းမကမ်းမှာရောက်နေတဲ့အပြာရောင်ပြိုင်ကားပိုင်ရှင်ကောင်လေးမှာလဲ အပြေးရောက်ရှိလာပြီး..
"သွားပီ ငါ့ကားလေး မင်း မင်းဘယ်လိုလုပ်လိုက်တာလဲ အခုဆင်းခဲ့စမ်း "ထိုကောင်လေး၏စကားကို အနီရောင်ကားပိုင်ရှင် ကောင်လေးက အရေးမလုပ်ပဲ ကားမှန်ကိုကြည့်ကာဆံပင်များပင် သပ်၍တင်နေသေးသည်။
၃မိနစ်ခန့်အကြာမှ ကားပေါ်မှဆင်းကာ ....
" Oh... Jimmy I'm so sorry မင်းကားရှိနေတာမသိလိုက်ဘူး "
"မင်း တမင်လုပ်တာငါသိတယ် "
"အဟက် ငါတမင်လုပ်ကြောင်း မင်းမှာသက်သေရှိလို့လား "
" မင်း မင်း..."
jimmyဆိုသူ ပြင်သစ်နိုင်ငံသားကတော့ ဒေါသထွက်စွာဘာမှပြန်မပြောနိုင်အောင်ဖြစ်နေ တော့သည်.."မင်းမနေ့က ကိစ္စအတွက် ကလဲ့စားပြန်ချေတာမလား မညာစမ်းပါနဲ့ "
ထိုစကားကြောင့် မနေ့ကအဖြစ်ပျက်ကိုပြန်တွေးမိပေမဲ့ ခံစားချက်မရှိတော့သလို...
![](https://img.wattpad.com/cover/275086116-288-k702369.jpg)
YOU ARE READING
Game Of Life
Fanfictionကျန့်ကောနဲ့တိတိကိုချစ်လို့ရေးတာပါ မည်သူတဦးတယောက်ကိုမျှထိခိုက်လိုစိတ်မရှိပါဘူးနော် ficကိုဖတ်ပေးပါဝေဖန်ပေးပါ လူကိုလဲချစ်ပေးပါ😉