Unicode
ဖွားရဲ့စီစဥ်မှုကြောင့် ရိပေါ်နဲ့ရှောင်ကျန့် ၁လအတွင်းလက်ထပ်ဖို့ဖြစ်လာခဲ့ပြီး ပါးရဲ့ကိစ္စလဲသာမန်လိုပင် စိတ်ဝင်စားမှုနဲပါးသွားခဲ့ပြီ...စီးပွားရေးအသိုင်းဝိုင်းမှာရော လူတွေပါးစပ်ဖျားမှာရော မီဒီယာလောကမှာရော သူတို့၂ဦးရဲ့လက်ထပ်ပွဲက ရေပန်းအစားဆုံးဖြစ်၍နေသည်။
အဖြူရောင်အနောက်တိုင်းဆင်တူဝတ်စုံလေးက နားနေခန်းထဲမှာ ဝင့်ထည်စွာ ပိုင်ရှင်ကိုစောင့်မျှော်လျက်...
ယောကျာ်းလေးတွေဖြစ်ပြီး ၂ဦးလုံးကပင်ကိုယ်ရုပ်ရည်က နတ်သက်ကြွေသည့်အလား ချောမောလွန်းတာကြောင့် အချိန်အများကြီးမယူပဲ အတန်အသင့်ပဲပြင်ဆင်လိုက်သည်။
ခန်းမတစ်ခုလုံး လူစုံနေပြီဖြစ်ပြီး မင်္ဂလာအချိန်ကျပြီမို့ ရှောင်ကျန့်နဲ့ရိပေါ် ခန်းမတံခါးဝမှာ အသင့်စောင့်နေလိုက်သည်။
"ဝမ်ရိပေါ်... မင်းနဲ့ငါတကယ်ကြီးလက်ထပ်ရတော့မှာပေါ့"
"အလကားလက်ထပ်တယိထင်လို့လား"
"ကျစ်...မင်းကပ်သီးကပ်သပ် မပြောနဲ့ "
"စတာပါ မင်းစိတ်လှုပ်ရှားနေတယ်မလား ငါ လာလက်ကိုကိုင်ထားလိုက် "
ရှောင်ကျန့်ခံစားချက်က ဂျွမ်းတွေပစ်ကုန်ပီ...
*ဘာလဲဟ ဒီလိုပုံကြီးက သူ့လက်ကိုငါကိုင်လိုက်ရင်ဘယ်လိုဖြစ်သွားမလဲ ငါကသူ့လက်ကိုကိုင်ရမှာလား အာ့လိုရလား *ထိုအချိန်ခန်းမတံခါးပွင့်သွားတာကြောင့် ငေးနေတဲ့ရှောင်ကျန့်လက်ကို ရိပေါ်ဆုပ်ကိုင်ကာ ဧည့်သည်တွေရဲ့အလည် ပန်းတွေကြဲထားတဲ့အနီရောင်ကော်ဇော်ကြီးပေါ် လျှောက်လှမ်းလိုက်တော့သည်....
ရိပေါ်လက်ကိုငေးရင်း အတွေးများနေတဲ့ရှောင်ကျန့် ရုတ်တရက်ကြီးလက်ဆွဲခေါ်တာခံလိုက်ရသည့် နွေးထွေးတဲ့လက်လေးကြောင့် ရင်ခုန်နှုန်းတွေ အဆမတန်မြှင့်တက်သွားတော့သည်.....
မိဘတွေနဲ့ဧည့်သည်တွေ ရှေ့မှာကတိစကားတွေ သက်သေပြုပြီး မင်္ဂလာလက်စွပ်ဖြင့် အပြန်အလှန်ချုပ်နှောင်လိုက်ကြသည်....
YOU ARE READING
Game Of Life
Fanfictionကျန့်ကောနဲ့တိတိကိုချစ်လို့ရေးတာပါ မည်သူတဦးတယောက်ကိုမျှထိခိုက်လိုစိတ်မရှိပါဘူးနော် ficကိုဖတ်ပေးပါဝေဖန်ပေးပါ လူကိုလဲချစ်ပေးပါ😉