Unicode
...တီ..."အကိုရိပေါ်...ကောင်မလေးတစ်ယောက် တွေ့ခွင့်တောင်းနေတယ် ချင်းချင်းတဲ့ "
ဖန်ရှင်းအသံကြောင့် ရိပေါ်နဲ့ရှောင်ကျန့် အကြည့်ချင်းဆုံမိသွားသည်...
"အော်..ဝင်ခိုင်းလိုက် "
"ရိပေါ်ကောကော ရှောင်ကောကော"
"ချင်းချင်း ဘယ်လိုလုပ်ရောက်လာတာလဲ "
ရှောင်ကျန့်ကသူ့စားပွဲကနေထလာပြီး ဖန်ရှင်းကိုအအေးယူခဲ့ပေးရန်ပြောရင်း ဧည့်သည်တွေ့ဆုံတဲ့ဆိုဖာပေါ်ထိုင်ဖို့ညွှန်ပြပေးလိုက်သည်..
"ချင်းချင်းမော်ဒယ်သင်တန်းတက်မလို့ စုံစမ်းရင်း လမ်းသင့်လို့ဝင်လာတာ "
"ထမင်းစားချိန်တောင်ရောက်ပီပဲ ကျန့်ကောနေ့လည်စာ သွားစားလိုက်ရအောင်လေ ''
"အင်း ကောင်းသားပဲ ချင်းချင်းလဲလိုက်ခဲ့လေ"
"ရိပေါ်ကောကော ကကျွေးချင်ပါ့မလား"
"လိုက်ခဲ့ပါ"
"ဟိဟိ ဟုတ် "
၃ယောက်သား ကုမ္ပဏီကန်တင်းကိုထွက်လာလိုက်ကြသည်...
ကန်တင်းရောက်တော့ မမမေအော်ကမြင်ပြီးလှမ်းခေါ်သည်မို့သွားလိုက်ပြီး ရိပေါ်နဲ့ရှောင်ကျန့်ကတစ်ဖက် မေအော်နဲ့ချင်းချင်းကတဖက် မျက်နှာချင်းဆိုင်ထိုင်စားဖြစ်သည်...
"မမမေအော် ဒါကချင်းချင်းတဲ့ ကျွန်တော်တို့တစ်အိမ်လုံးရဲ့ ဧည့်သည်ဆိုပါတော့ "
ရှောင်ကျန့်ကမိတ်ဆက်ပေးတော့ မေအော်ထိုကောင်မလေးကိုကြည့်ပြီး ပြုံးပြလိုက်ကာ..
"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်""ဟုတ်ကဲ့ မမ ရိပေါ်ကောကောတို့ကိုခင်သလို ချင်းချင်းကိုလဲခင်ပေးပါနော် "
"ဟမ်...အော့..."
"ကျန့်ကော ကိုယ်စားဖို့သွားယူလိုက်ဦးမယ်နေခဲ့ဦးနော် "
"အင်း "
ရိပေါ်တို့၂ယောက်ဒီမှာလာစားဖြစ်ရင် အမြဲလိုလိုရိပေါ်ကယူပေးနေကြပင်..."ရိပေါ်ကောကော ချင်းချင်းလိုက်ခဲ့မယ် "
"အင်း "
YOU ARE READING
Game Of Life
Fanficကျန့်ကောနဲ့တိတိကိုချစ်လို့ရေးတာပါ မည်သူတဦးတယောက်ကိုမျှထိခိုက်လိုစိတ်မရှိပါဘူးနော် ficကိုဖတ်ပေးပါဝေဖန်ပေးပါ လူကိုလဲချစ်ပေးပါ😉