Unicode
"ဟား...ဟေ့ကောင် ရှောင်ကျန့် ဘယ်လိုဖြစ်လို့ပုလင်းလိုက်မော့နေတာလဲ ဒုက္ခပဲကွာ ယွိပင်းတားဦးလေ ဘာဖြစ်တာလဲဆိုတော့လဲမပြောဘူး..."ခွက်နဲ့တစ်ခွက်ပြီးတစ်ခွက်သောက်တာ အားမရတဲ့အဆုံး ပုလင်းလိုက်ကောက်မော့တော့ ကျိုးချန်ရဲ့ဆူဆူပူပူအသံထွက်လို့လာသည်...ဒီလောက်အရည်တွေသောက်တာတောင် ရင်ထဲကအလုံးကြီးကကျမသွားဘူး....
"လွှတ်ထားလိုက်ပါကွာ သူပြောချင်တဲ့အချိန် တားလို့တောင်ရလို့ တာကျိုးသလို ဒလဟောလွှတ်တာသိသားနဲ့"
"ယွိပင်း...မင်းသိလား ဒီကောင်ကျိုးချန်လေ "
"အင်း ကျိုးချန်ဘာဖြစ်လဲ "
"အီး ဟီး....ကျိုးချန်ကယောကျ်ားချင်းကြိုက်နေတာတဲ့ ရွှတ်..."
ပြောလဲပြော ငိုလဲငို...အဲဒါပဲ သန်မာချင်တဲ့အယောင်ဆောင်ရှောင်ကျန့်ဆိုတာ အရက်မူးရင်အကုန်ပေါ်တာ တော်သေးတယ်တော်ရုံမမူးတတ်တဲ့သူမလို့ အခုတော်တော်ရေချိန်ကိုက်တဲ့သဘောပေါ့....
"သိတယ်လေ အဲဒါဘာဖြစ်လဲ "
"သိတယ် မင်းသိနေတယ်... မာမားရေ ယွိပင်းကသိနေတယ်တဲ့ ဟင့်ဟင့်.. သားကိုမပြောဘူး တော်ပီမင်းနဲ့စကားမပြောတော့ဘူး "
"ကျိုးချန်မင်းသိလား..."
"အမ်..ဘာကိုလဲ "
"အဲကောင်ယွိပင်းကလေ ငါ့ယောကျ်ားရဲ့လက်ထောက်ကိုကြိုက်နေတာတဲ့လေ "
"အေး...သိတယ်လေ "
ယွိပင်းရှောင်ကျန့်ရုံးခန်းဆီ ချောင်းပေါက်မတတ်လာတော့ မရရအောင်မေးရင်သိသွားခဲ့တာပင်...
"အီး...ဟီးဟီး မင်းလဲသိပြန်ပီလား ပါပါးရေ သားကိုမပြောကျဘူး မင်းကိုလဲစကားမပြောတော့ဘူး ဟင့်...ရွှတ်..."
"ဟာ..ရှောင်ကျန့် ငါတို့၃ယောက်စလုံး တစ်ယောက်အကြောင်းတစ်ယောက်ဖုံးကွယ်ထားတာမှမရှိတာ သိတာပေါ့ကွ "
"ဟင့်..ဟုတ်တယ်နော် "
ငိုနေရင်းကနေရုတ်တရက်ကြီး အသံတိတ်သွားကာ တည်ငြိမ်သွားတဲ့ရှောင်ကျန့်ကို ၂ယောက်သားဘာလုပ်မလဲစောင့်ကြည့်နေလိုက်သည်...
YOU ARE READING
Game Of Life
أدب الهواةကျန့်ကောနဲ့တိတိကိုချစ်လို့ရေးတာပါ မည်သူတဦးတယောက်ကိုမျှထိခိုက်လိုစိတ်မရှိပါဘူးနော် ficကိုဖတ်ပေးပါဝေဖန်ပေးပါ လူကိုလဲချစ်ပေးပါ😉