22

2K 131 7
                                    

Unicode
မနေ့ညက ရိပေါ်ကော ကော အမူးလွန်ပြီး သူနဲ့ရှောင်ကျန့်ကောကောကို မှားခေါ်ခဲ့တယ်...

ပြီးတော့...

"ရှုး....နားငြီးတယ်...တိတ် "

......

ချင်းချင်းရဲ့ နှုတ်ခမ်းပေါ်လက်လေးတင်ပြီး.ဘာမှမပြောဖို့တားနေတဲ့ရိပေါ်ကြောင့် အသက်ရှူမှားရလောက်တဲ့အထိ ရင်တွေခုန်နေမိသည်....

ရီဝေတဲ့အကြည့်တွေနဲ့စိုက်ကြည့်ခံနေရပြီး တဖြေးဖြေးနီးကပ်လာတဲ့ သူ့နတ်သားရဲ့မျက်နှာလေး....

ချင်းချင်းမျက်လုံးအစုံမှိတ်ထားလိုက်မိပြီး စက္ကန့်ခဏအကြာနှုတ်ခမ်းပေါ်အထိတွေ့တွေရောက်မလာပဲ ပုခုံးပေါ်မှီကျလာတဲ့ရိပေါ်ခန္ဓာကိုယ်က အိပ်ပျော်သွားကြောင်းအသိပေးလိုက်သလိုပင်...

ချင်းချင်း တချက်ရယ်လိုက်ပြီး ဘေးကို လှဲချပေးလိုက်တော့ သူ့လက်ကိုဆွဲကာခေါင်းဦးအိပ်နေသဖြင့် ခဏငြိမ်ပေးနေလိုက်သည်။

"အကယ်၍ ရှောင်ကျန့်ကောကောသာမရှိရင် ကောကောက ချင်းချင်းအတွက်ဖြစ်လာနိုင်လား "

ရိပေါ်နှဖူးပေါ်ဝဲကျနေတဲ့ ဆံစလေးတွေကို အသာသပ်တင်ပေးရင်း...
"ရိပေါ်ကောကောကို ချစ်တယ်"

ချင်းချင်းရဲ့အပြုံးမျက်နှာက ချက်ချင်းဆိုသလို တည်သွားခဲ့ပြီး...
"ချင်းချင်းသူများဘဝကိုမဖျက်ဆီးချင်ဘူး ဒါပေမဲ့ အခုကံကြမ္မာကကောကောကိုချင်းချင်းစီပေးနေပြီ.. ကောကောကိုမပိုင်ရရင်ချင်းချင်းသေသွားနိုင်တယ် ချင်းချင်းကိုခွင့်မလွတ်ပါနဲ့ ကောကောရဲ့အနားမှာနေရရင်ပဲကျေနပ်ပါတယ် "

ချင်းချင်း ရိပေါ်နှဖူးလေးကို့ငုံ့ကာနမ်းလိုက်ပြီး အစီစဥ်ကိုအကောင်ထည်ဖော်ကာ ရိပေါ်ဘေးမှာဝင်အိပ်လိုက်တော့သည်။

.............................

နေရောင်ခြည်အလင်းရောင်က လေလွှင့်နေတဲ့လိုက်ကာကနေ တချက်ချက် မျက်နှာပေါ်ကျရောက်လာသည်မို့ ရှောင်ကျန့်နိုးလာခဲ့တော့သည်။

မျက်လုံးအစုံကိုအသာပွတ်ပြီး နာရီကြည့်လိုက်တော့ ၇နာရီကျော်သာရှိသေးသည်...

Game Of LifeWhere stories live. Discover now