Unicode
ရိပေါ် နှစ်ပတ်လည်ပွဲအတွက် စီစဥ်စရာများစီစဥ်ပြီး နေ့လည်စာစားဖို့ ကုမ္ပဏီရဲ့ကန်တင်းကိုထွက်လာခဲ့လိုက်သည်။သူဒီကုမ္ပဏီကို စဝင်တော့ ရှယ်ယာရှင်အချို့နဲ့ အဖွဲ့မှူးတွေရဲ့ အမြင်မကြည်စောင်းမြောင်းမှုတွေကိုခံခဲ့ရသည်။ သူ့ရဲ့ကြိုးစားအားထုတ်မှုနဲ့အတူ project တခုအောင်မြင်အောင် လုပ်ပြနိုင်ခဲ့ပြီးနောက်မှ လက်ခံကြိုဆိုပေးခဲ့ကြခြင်းပင်။
အလုပ်စဝင်တဲ့နေ့မှစပြီး ကပ်သင့်သူကပ် သင်ယူသင့်တာသင်ယူ သင်ပြသင့်တာသင်ပြပေးနိုင်တဲ့သူ့ကို ဝန်ထမ်းများချစ်ခင်နှစ်သက်ကြသည်။ ဒါရိုက်တာနဲ့အလုပ်သမားဆိုပီးမခွဲခြားပဲ အချင်းချင်းရိုင်းပင်းကူညီဖေးမရင်း မိသားစုသဖွယ်ဖြစ်နေတော့သည်။
"ဒါရိုက်တာဝမ်... ဒါရိုက်တာဝမ် "
"ဟမ် အော့.. မမမေအော် ထမင်းစားမို့လား ထိုင်လေတူတူစားကြတာပေါ့ "
မမမေအော်က ဒုတိယရှယ်ယာရှင်ရဲ့သမီး အင်ဂျင်နီယာအဖွဲ့ရဲ့ ခေါင်းဆောင်. သူကရှောင်ကျန့်နဲ့မှရွယ်တူလောက်ပဲရှိမည် ကျောင်းပီးတော့ဒီကုမ္ပဏီမှာအလုပ်ဝင်နေခြင်းပင်..
"ဘာတွေတွေးနေတာလဲ ခေါ်နေတာကြာပီ"
"ဒီလိုပါပဲ အလုပ်ကိစ္စပေါ့ "
"ဒါနဲ့ ရှောင်ကျန့်ပြန်ရောက်နေတယ်ကြားတယ် "
"ဟုတ်တယ် မနေ့က "
"ဒါဆို သူဌေးတို့ကိစ္စကို.. "
"အင်း ညကရုဏ်းရင်းဆန်ခတ်ဖြစ်သွားပေမဲ့ ဒီမနက်တော့အခြေနေကောင်းပါတယ် "
"အင်း.. သူဌေးနဲ့အားရီရဲ့ အကြောင်းတွေကို သိသွားရင်တော့ နားလည်သွားမှာပါ အခုတော့သွေးပူတုန်လေ"
"အင်း "
*ညနေအိမ်ပြန်ရောက်ရင်တော့ ရှောင်ကျန့်နဲ့စကားပြောကြည့်ရဦးမယ်....*
...............................
တီ...တီ....
"ရှောင်ကျန့်ရေ...."
ယွီပင်းနဲ့ကျိုးချန်ကအရင်အတိုင်းပဲ ရောက်ရင်ကားဟွမ်းတီးပြီး ရှောင်ကျန့်ကိုခေါ်လိုက်ရမှ...သူကလဲထုံးစံအတိုင်း အပြင်ထွက်မကြို အခန်းထဲကနေပဲစောင့်သည်။
*မင်းတို့ကဘာမို့လို့ ငါကထွက်ကြိုရမှာလဲ ငါ့အိမ်လာရင် ငါ့အခန်းထဲထိရောက်အောင်လာခဲ့*ဟုပြောဆိုထားခဲ့ပေမဲ့ ထုံးစံကပျက်သွားပေ...
YOU ARE READING
Game Of Life
Fanfictionကျန့်ကောနဲ့တိတိကိုချစ်လို့ရေးတာပါ မည်သူတဦးတယောက်ကိုမျှထိခိုက်လိုစိတ်မရှိပါဘူးနော် ficကိုဖတ်ပေးပါဝေဖန်ပေးပါ လူကိုလဲချစ်ပေးပါ😉