Unicode
ရုတ်တရက် ရိပေါ်ထရပ်ကာ...
"မင်းမရှိရင် ငါသေသွားနိုင်တယ် နောက်ထပ်ဘာအတွက်ကြောင့်နဲ့မှထွက်မသွားပါနဲ့ ''
"....''
''ရှောင်ကျန့် ငါပြောနေတာကြားလား...
တကယ်လို့မင်းထွက်သွားမယ်ဆိုရင် ငါ့ကိုသတ်ပီးမှသွား...""......"
"ကြားလားလို့ ''
ထိုင်နေတဲ့ရှောင်ကျန့်အပေါ်အုပ်မိုးကာ ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ပြီးပြောနေတဲ့ရိပေါ်ပုံစံက တရားလိုနဲ့တရားခံမှားနေသလိုပဲ...
ရှောင်ကျန့် ထရပ်လိုက်ပြီး...
"ဝမ်ရိပေါ်... မင်းငါ့ကိုလာအော်နေတာလား သွား မင်းပြန်တော့ သူကလဲအမှားလုပ်သေးတယ် လာအော်နေတယ် "
ရှောင်ကျန့်ပြောတော့မှ ရိပေါ်မျက်လွှာလေးချကာ..
"မ...မအော်ပါဘူး...
ကိုယ်စိတ်လောသွားတယ် တောင်းပန်ပါတယ် ""ပြောလိုက်ရင် တောင်းပန်ပါတယ် တောင်းပန်ပါတယ်နဲ့ မလိုချင်ဘူး အေးဆေးနေချင်လို့ထွက်လာတာ ၂ရက်တောင်မပြည့်ဘူးရအောင်လိုက်ရှာပြီး ရောက်လာတယ် "
"အဲဒါက ကော...ကိုယ့်ဆီ ပြန်မလာစိုးရိမ်လို့"
"ကျစ်...ငါက မိဘ.ဖွား.အလုပ်နဲ့ ယောက်ျားကို ထားခဲ့ရလောက်အောင် အသဲမာတဲ့သူမဟုတ်ဘူး "
ယောကျ်ားဆိုတဲ့အခေါ်လေးကို တိုးတိုးလေးပြောပေမဲ့ ရိပေါ်သေချာပေါက်ကြားမှာပင်...
ရိပေါ်ရှောင်ကျန့်ကို ဆွဲဖက်လိုက်မိသည်။
ရှောင်ကျန့်အတင်းရုန်းနေပေမဲ့ မလွှတ်စတမ်းတင်းတင်းကြပ်ကြပ်ဖက်ထားသည်။ခဏကြာတော့ ပြန်လည်ပွေ့ဖက်လာတာကြောင့်
ရိပေါ် မျက်ရည်တွေနဲ့ ပြုံးလိုက်မိတော့သည်။"ဝမ်လေး ကောကို သစ္စာမဖောက်ဘူးဆိုတာယုံကြည်ပါတယ်...အခြေနေတွေကရှုပ်ထွေးနေပေမဲ့ ကောတို့အတူဖြေရှင်းကြမယ်နော် ''
"အင်း..."
ထိုပုံရိပ်ကို အိမ်ထဲမှလှမ်းမြင်လိုက်ရတဲ့ သားအဖ၂ယောက်ကတော့ ထူးဆန်းနေလျက်...
YOU ARE READING
Game Of Life
Fanfictionကျန့်ကောနဲ့တိတိကိုချစ်လို့ရေးတာပါ မည်သူတဦးတယောက်ကိုမျှထိခိုက်လိုစိတ်မရှိပါဘူးနော် ficကိုဖတ်ပေးပါဝေဖန်ပေးပါ လူကိုလဲချစ်ပေးပါ😉