unicode
"သား ".....
"သား ကျန့်ကျန့် "
"ဟင်...အော့ ပါပါး "
"ဘာတွေတွေးပြီး ငိုင်နေတာလဲ ပါပါးခေါ်တာတောင်မကြားတော့ဘူး "
"မ..မတွေးပါဘူး ''
ရှောင်ကျန့်နိုးလာပြီး ရိပေါ်ကိုဖုန်းခေါ်ဖို့ ကြည့်လိုက်တော့ Noti မှာတက်လာနဲ့ပုံလေး ချင်းချင်းတင်ထားတာဖြစ်ပြီး သူ့ကိုမြင်စေချင်လို့mentionခေါ်ထားတာပင်
ရှောင်ကျန့် လက်အစုံရပ်တန့်သွားတော့သည်..ဒါကရှောင်ကျန့် အများကြီးတွေးခဲ့. စဥ်းစားခဲ့. စိုးရိမ်ခဲ့ရတဲ့အခြေနေဆိုပေမဲ့ ပုံလေးတစ်ပုံကြောင့် ရိပေါ်နဲ့စကားများတာတွေ ရန်ဖြစ်တာတွေ လုပ်ဖို့သူ့အတွေးထဲမှာမရှိပေ...
ဒါကရိပေါ်ကိုသူမဟုတ်တဲ့အခြားတစ်ယောက်နဲ့ ပထမဆုံးမြင်ဖူးပါပင်..အကယ်၍ ရိပေါ်သာသူနဲ့မဆုံစည်းပဲ သာမန်အိမ်ထောင်ရေးနဲ့သာမန်ဘဝလေးကိုသာပိုင်ဆိုင်ခဲ့ရင် ဆိုတဲ့အတွေးတွေသာ သူစိတ်ထဲပြည့်လို့နေသည်။
ပါပါးနဲ့မနက်စာစားဖို့ ရောက်နေပေမဲ့ အတွေးတွေထဲမှာတော့ ချင်းချင်းကိုကြည့်နေတဲ့ ရိပေါ်ပုံလေးသာရှိသည်မို့ ပါပါးခေါ်တာသူမကြားလိုက်ပေ...
"သားကိုဘာပြောမလို့လဲ "
"ပါးတို့ နောက်၃ရက်လောက်နေရမယ် စာချုပ်ချုပ်မဲ့ မစ္စတာယာနရှိက မနက်ဖြန်မှပြန်ရောက်မယ်ပြောတယ် ပြီးရင်ဆွေးနွေးမှာနဲ့မြေနေရာတွေကြည့်မှာ ဆိုတော့... "
"နောက်ထပ်၃ရက်တောင် "
မနက် ဖြန်လောက်ပြန်ရမယ်ထင်ထားတာ အခုထပ်ကြာဦးမှာတဲ့လား...
"ဟားဟား...ဘာလဲ ရိပေါ်ကိုလွမ်းနေပီလား "
"မဟုတ် ပါဘူး.."
"ကဲပါ အချိန်တွေရှိသေးတော့ ဒီနေ့နားလိုက်တော့ ဟုတ်ပီလား "
"ဟုတ် ပါပါး "
ရှောင်ကျန့် ပါပါးကိုနှုတ်ဆက်ပြီး အခန်းသို့ပြန်လာကာ ရိပေါ်ဆီဖုန်းခေါ်လိုက်တော့သည်....
..........................
"ဟလို ကော "
"ဝမ်လေး..."
YOU ARE READING
Game Of Life
Fanfictionကျန့်ကောနဲ့တိတိကိုချစ်လို့ရေးတာပါ မည်သူတဦးတယောက်ကိုမျှထိခိုက်လိုစိတ်မရှိပါဘူးနော် ficကိုဖတ်ပေးပါဝေဖန်ပေးပါ လူကိုလဲချစ်ပေးပါ😉