Unicode
ရိပေါ်ဂျပန်ရောက်တော့ မနက်၃နာရီကျော်လေးသာရှိသေးသည်မို့ ပါးကဟော်တယ်ကိုခေါ်ခဲ့ဖို့ ပြောလာတာကြောင့် အတွန့်မတက်တော့ပဲလိုက်သွားတော့သည်။ဟော်တယ်ရောက်တော့ ပါးကထွက်ကြိုနေသည်မို့...
"ပါး...အခြေနေဘာထူးလဲ ""လူဖြန့်ထားတယ် အဲဒိနေ့ကဒီအနီးနားမှာရှိတဲ့ CCTV တွေအကုန်စစ်ပြီးသွားပြီ ဟော်တယ်အနီးနားကBusဂိတ်ကနေ လိုက်သွားတာတွေ့တယ် အခုအဲ ဘတ်စ်ကိုစုံစမ်းနေတယ် အစောကြီးရှိသေးတယ် ခဏအနားယူလိုက်ဦး သားကျန့်အခန်းမအပ်ထားဘူး ရော့သားကျန့်ဖုန်း... "
"ဟုတ် ပါး... အဲBusနဲ့ပတ်သက်တာတွေအကုန်နဲ့ ကျန့်ကောကိုတွေ့တဲ့ CCTVပို့ပေးပါ "
ပြောပြီးထွက်သွားတဲ့ ရိပေါ်ကိုကြည့်ပြီး ရှောင်ပါးခေါင်းရမ်းလိုက်မိသည်....
*ရှောင်ကျန့်ကိုသာမတွေ့ရင် ရိပေါ်ရူးသွားမှာအသေချာပဲ*
ရိပေါ်အခန်းထဲရောက်ပြီး လိုက်ကြည့်လိုက်တော့ အဝတ်စားနဲ့ အသုံးဆောင်တွေက ရှောင်ကျန့်ထားခဲ့တဲ့အတိုင်းပဲ... ရိပေါ်ကုတင်ပေါ်လှဲကာ ဖုန်းလေးကိုဆုပ်ကိုင်ပြီး ငိုမိတော့သည်...
"အီး ဟီး.....ကျန့်ကော မင်းငါ့ဆီပြန်လာခဲ့ပါ တောင်းပန်ပါတယ် ငါရူးတော့မယ် "
"ဟင့် ငါ ငါ မင်းပေးနဲ့အပြစ်တွေအကုန်ခံမှာမလို့ မင်းလက်နဲ့မင်းကိုယ်တိုင် ငါ့ရှေ့ကနေအပြစ်ပေးပါ... ကျေးဇူးပြုပြီး ငါ့ကိုထားမသွားပါနဲ့ "
...........................
ကြက်တွန်သံနဲ့အတူ သွားလာနေတဲ့လူတွေရဲ့စကားပြောသံတွေ ဆူညံနေတာကြောင့် ရှောင်ကျန့်နိုးလာခဲ့သည်....ညကဘာမှမတွေးပဲအိပ်လိုက်ပေမဲ့ ၃နာရီကျော်မှ ဘာကြောင့်မှန်းမသိလန့်နိုးခဲ့ပြီး ၅နာရီလောက်မှပြန်အိပ်ပျော်သွားခြင်းပင်....
ရှောင်ကျန့် အိမ်နောက်ဖက်ကိုထွက်လိုက်ပြီး အကြော်ဆန့်ကာ ပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်မိသည်...
"ဝါး..."
အိမ်နောက်မှာ အရှည်လိုက်စိုက်ခင်းရှိပြီး ဘေးအိမ်တွေထဲ ထိိုနည်းတူ ကိုယ်ပိုင်စိုက်ခင်းတွေနဲ့ပင်....
YOU ARE READING
Game Of Life
Fanfictionကျန့်ကောနဲ့တိတိကိုချစ်လို့ရေးတာပါ မည်သူတဦးတယောက်ကိုမျှထိခိုက်လိုစိတ်မရှိပါဘူးနော် ficကိုဖတ်ပေးပါဝေဖန်ပေးပါ လူကိုလဲချစ်ပေးပါ😉