unicode
"မား...."
ရိပေါ်ခေါ်လိုက်တော့ လှည့်ကြည့်လာတဲ့အတွဲကြောင့် ရှောင်ကျန့်လဲ အံ့သြသွားရတော့သည်။
မာမားနဲ့အတူ တွဲလာတာက ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်
သူတို့ထက်ကြီးရင် အလွန်ဆုံး၈နှစ်လောက်ပဲရှိလိမ့်မည်။
"မာမား...ဘယ်ကဘယ်လို"
"အဲ ကျန့်ကျန့်.....ရိ ရိပေါ်...နေ့လည်စာလာစားကြတာလား "
"ကျန့်ကော...လာကိုယ့်ဘေးကို
မား သားတို့နဲ့အတူစားရအောင် ဟို...အကိုအဆင်ပြေတယ်မလား ''"အဆင်ပြေပါတယ်... မ ထိုင်လိုက်ရအောင်နော် "
"အော် အင်း အင်း..."
နောက်ဆုံး ၄ယောက်သားအတူထိုင်လိုက်ကြတော့သည်။
ရှောင်ကျန့် လက်နှစ်ဖက်ကိုပိုက်ကာ စိုက်ကြည့်လိုက်တော့...မားကတော့ မျက်နှာကြီးရဲနေပြီး ဟိုတစ်ယောက်ကတော့ မားကိုရေနွေးထည့်ပေးလိုက် တစ်ရှူးထုတ်ပေးလိုက်နဲ့...
အေးစက်တိတ်ဆိတ်နေတဲ့အခြေနေကို ရိပေါ်ကပဲစတင်ဖြိုခွဲကာ စကားစလိုက်သည်။
"မား...မိတ်ဆက်ပေးသင့်တယ်မထင်ဘူးလား "
"အော်...အေးအေး သူ့နာမည်ကရွှီးဖုန်း
ရွှီးဖုန်း ရီပေါ် နဲ့ရှောင်ကျန့် ""တွေ့ရတာဝမ်းသာပါတယ်...အကိုက ရိပေါ်ပရိတ်သတ်ပါ "
"ဟုတ်ကဲ့ "
ရွှီးဖုန်း ရှောင်ကျန့်ကိုလက်ကမ်းပေးလိုက်တော့ ရှောင်ကျန့်မသိချင်ယောင်ဆောင်ပြီး ရေနွေးပန်ကန်ကောက်ကိုင်ကာ..
"ဘာအလုပ်လုပ်လဲ "
"နှလုံးခွဲစိတ်အထူးကု ''
"ဘယ်ဆေးရုံလဲ "
"Light Hospital "
*What*Lightဆေးရုံက...တော်တော်တိုက်ဆိုင်တာပဲ
"မားနဲ့ဘယ်လိုတွေ့တာလဲ ''
"မ က... အကိုအမေရဲ့သူငယ်ချင်းလေ ''
"ဘာ..." " ဟင်..."
ဒီတစ်ခါတော့ရိပေါ်ပါအံ့သြသွားရသည်။ အမေရဲ့သူငယ်ချင်းကို ဘယ်လိုများတွဲဖို့ဆုံးဖြတ်ရဲတာပါလိမ့်....
YOU ARE READING
Game Of Life
Fanfictionကျန့်ကောနဲ့တိတိကိုချစ်လို့ရေးတာပါ မည်သူတဦးတယောက်ကိုမျှထိခိုက်လိုစိတ်မရှိပါဘူးနော် ficကိုဖတ်ပေးပါဝေဖန်ပေးပါ လူကိုလဲချစ်ပေးပါ😉