#Unicode
ဝန်ကြီးချုပ် အိမ်သို့ တောင်းပန်ရန် တစ်မိသားစုလုံး ထွက်လာခဲ့သည်
လာသည့် လမ်းတစ်လျှောက်လုံးလည်း Appa. က စကားအား ကောင်းကောင်းမွန်မွန်ပြောရန် ၊ အတွန့်မတက်ဘဲ ပြောသမျှနာခံရန် စသည် စသည်များကို တစ်လမ်းလုံး နားအပူခံပြီးမှ ထိုအိမ်သို့ရောက်လာခဲ့သည်ခြံဝင်းသို့မဝင်ခင်ပင် အစောင့်ပေါင်းမြောက်မြားစွာက စစ်ဆေးကြသည်
Appa က မလာခင် ဖုန်းကြိုဆက်ထား၍ထင်သည် အိမ်ထဲသို့ဝင်ခွင့်ပေးလိုက်သည်
အိမ်ထဲသို့ဝင်တော့ ဆိုဖာပေါ်တွင် ထိုင်ကာစာဖတ်နေသည့် ဝန်ကြီးချုပ် ကင်မ်မင်ဂျွန်း
Appa က ဝန်ကြီးချုပ်အားမြင်သည်နှင့်အလျင်အမြန် ခေါင်းငုံ့ကာ အရိုအသေပေးသည်
Omma နှင့် Jeongguk hyung ကလည်း အရိုအသေပေးကြသည်
မပေးတာကသူ
Jungkook လုပ်ရပ်ကြောင့် အဖေဖြစ်သူက အနောက်သို့လှည့်ကာ " ဘာလုပ်နေတာလဲ"ဟူသည့်ပုံဖြင့် အရိုအသေပေးခိုင်းနေသည်.....
Jungkook လည်း ဝတ်ကျေတမ်းကျေဖြင့် အရိုအသေပေးလိုက်သည်
ထိုအပြုအမူကိုကြည့်ကာ ဝန်ကြီးချုပ်ကင်မ်မင်ဂျွန်း တစ်ယောက် စကားစတော့သည်
"သားလေးကအဆိုးလေးဘဲ "
ဝန်ကြီးချုပ်ကထိုသို့ပြောတော့ Mr.Jeon ခမျာ ပြာယာခတ်ကာ တောင်းပန်ရသည်
" ကျွန်တော့်သားကို ကောင်းကောင်းမထိန်းသိမ်းခဲ့လို့နောင်တရမိပါတယ် နေ့လည်က ကိစ္စရော ၊ အခုကိစ္စရောအတွက် တောင်းပန်ပါတယ် ဝန်ကြီးချုပ် "
ခေါင်းငုံ့ကာတောင်းပန်တော့ ဝန်ကြီး ချုပ်ကပြုံးသည်
" ထိုင်ကြပါအုံး ..."
Jeon မိသားစုတို့ အားလုံးထိုင်ပီးမှ ကင်မ်မင်ဂျွန်းကစကားစလာသည်
" သားနှစ်ယောက်က အမွှာတွေလာ တစ်ထပ်တည်းဆင်နေကြတယ်"
"နှစ်နှစ်ကွာပါတယ် ဒါက သားကြီး Jeon JeongGuk ပါ ဒါကတော့ သားငယ် Jungkook ပါ နေ့လည်က jungkook အမှားအတွက် မျက်နှာတောင်မပြဝံ့ပါဘူး တကယ်ကိုအားနာမိပါတယ် တောင်းလည်းတောင်းပန်ပါတယ်ရှင်"
YOU ARE READING
Two Jeon ✅ KOOKV (Rest)
Hayran KurguJeon JeongGuk & Jeon Jungkook Kim Taehyung 🍓🌨️🐳