🏡1🏡

4.4K 122 40
                                    

#Unicode

နေ့သာသောတစ်နေ့တွင် အသားချက်ကျွေးပါမည်ဟုပြောထားသော နောင်တော်က ယခုထိ
မနိုးသေးသဖြင့် ကျုပ်ဒေါသထွက်လာရသည်။

ဝါးထရံတို့ဖြင့်ကာရံထားပြီး ဓနိတို့ဖြင့်မိုးထားသော အိမ်သေးသေးလေးက လက်ပံပင်ကျေးရွာနှင့်အတန်ငယ်ဝေးသော တောထဲတွင်ရှိသည်။ လူတွေနဲ့ဆက်ဆံရေးမပြေပြစ်သော ကျုပ်တို့ညီအစ်ကိုကတော့ ဒီမှာဘဲ အေးဆေးစွာနေလေ့ရှိ
ပြီး တစ်ခါတစ်ရံ အလိုရှိမှ ရွာဘက်သို့ခြေဦး
လှည့်လေ့ရှိသည်။

ဘယ်အချိန်ရွာသွားလဲဆိုတာ နောက်မှအေးဆေးရှင်းပြတာပေါ့....။

ခုတော့ အိပ်ပုတ်ကြီးတဲ့ နောင်တော် ကွေး
ကို သွားနိုးရအုံးမယ်....။

အော်....မေ့လို့ ။
မိတ်ဆက်ရအုံးမယ်.....ကျုပ်နာမည်က ဂို
ကျုပ်နောင်တော်နာမည်က ဂွေး အဲ မှားလို့
ကွေး......။

ဘာရယ်...ဘာလို့အဲလိုနာမည်ထားသလဲ ဟုတ်လား......??ဘယ်သိမလဲ.....။

အိမ်က အိမ်ထဲခန်းတစ်ခန်းနဲ့ ဝရံတာတစ်ခန်း။ အိမ်ထဲခန်းမှာ ကျုပ်တို့ပစ်ထားတဲ့ သားကောင်တွေရဲ့ အလှအပရတနာတွေရှိတယ်....။ ထားပါတော့ ....

ဝရံတာမှာ ပုဆိုးခြုံကာ အိပ်နေတဲ့ အဲဒီလူကြီး နားလျှောက်သွားကာ ဘေးတွင်ဝင်ထိုင်လိုက်သည်။

"နောင်တော်ကွေး.......အကွေးရေ......."

"....................."

"ဂေါင်စိကွေးရေ.....!!! ထတော့ဟ....."

အသံခပ်စူးစူးက တောတွင်းတစ်ခုလုံး ပျံ့နှံ့သွားသည့်အလျောက် အကိုင်းအခက်တွေကြားနားနေသည့် ငှက်များပင် လန့်ပြေးသွားကြလေသည်။ ထိုအချိန်မှ ဝါးကြမ်းပြင်ကို ဆီလီကွန်မွေ့ယာ အလား နှစ်ခြိုက်ကာအိပ်ပျော်နေသည့် လူက ထိုးထိုးထောင်ထောင်ဆံပင်နှင့် ထထိုင်လာသည်။ ရှည်နေသောဆံပင်တို့ကို လက်ဖြင့်
ထိုးကုတ်လိုက်ပြီး.......

"ဘာဖြစ်နေတာလဲကွာ....ဒီနေ့ ငါ့တို့ပစ္စည်းသွားယူရမဲ့ရက်မဟုတ်ဘူးလေ....."

Stop!!.
ခုချိန် နောင်တော်ကွေးပြောတဲ့စကားကို
နည်းနည်းရှင်းပြချင်တယ်.....။

တောတွင်းမှ တဲအိမ်လေး (တောတွင်းမှ တဲအိမ်လေး) Completed Where stories live. Discover now