🏞 4 🏞

382 35 47
                                    

#UNICODE

ညဉ့်ဦးယံ၏ ကောင်းကင်ထက်ရှိ လသည်ကား
အဖိတ်နေ့ဖြစ်သည့်အလျှောက် ထိန်ထိန်သာ လျက်ရှိပေသည်....။

လေအေးသည်ကား တောတွင်းတစ်လျှောက်
လည်ပတ် ဆော့ကစားနေဟန်ရှိသည်...။

ဂိုလေး၏ စကားသံ တတွတ်တွတ်သည်ကား
ဂေါင်စိကွေးနှင့် ဂိုတွေး တို့ ညီနောင်နှစ်ဦး
လျှောက်လှမ်းလာသည့် တောလမ်းတစ်လျှောက်
လုံးတွင် တိုး၍တစ်မျိုး ကျယ်၍ တစ်ဖုံ ထွက်
ပေါ်လျက်ရှိနေသည်...။

ဂိုလေး၏ စကားပြောသံနှင့်အတူ လေအဝှေ့
တွင် တရှဲရှဲ ထွက်ပေါ်နေသည့် သစ်ရွက်ချင်း
ပွတ်တိုက်သံသည် ဂေါင်တွေးညီနောင်အတွက်
တော့ အိမ်အပြန်လမ်းအတွက် အဖော်ပြုနေ
သည့် အလား....။

ခရားရေလွတ် တစ်တွတ်တွတ်ပြောနေသည်​့
ဂိုလေး၏ဘေးတွင်တော့ လက်လေးနောက်ပစ်
ရင်း ခေါင်းတညိမ့်ညိမ့်ဖြစ်စေ လည်တခါခါ
လုပ်ရင်းဖြစ်စေ လိုက်ပါလာသည်က သူ၏
နောင်တော်ဂေါင်စိကွေး...။

ဂိုလေးသည်ကား သူဒီနေ့ စားလိုက်ရသည့်
မုန့်ချိုများအကြောင်း ချီးမွမ်းတလှည့် ကဲ့ရဲ့
တလှည့်ဖြင့် သူ့၏ နောင်တော်အား အကုန်
ဖွင့်ဟနေလေ၏...။

ဂေါင်စိကွေးသည်ကား သူ၏အသပြာဖြင့်
ဝယ်ယူပြီး ယောင်လို့ပင် သူ၏ လျှာပေါ်
ရောက်မလာကြသည့် မုန့်ချိုများ၏ အရသာ
ကို နားဖြင့်သာ မြည်းကြည့်နေပေ၏...။

" နာမည်ကတော့ ကရေကရာမုန့်တဲ့.....
ပြီးတော့ အရသာက မရေမရာကြီး...ဖွီး..''

တောင်ရှည်ပုဆိုးကို တစ်ချက်ပြင်ဝတ်လိုက်ပြီး
မကျေမနပ်ဖြင့် ဂိုလေး ဆိုရင်း...သူ၏ ရှေ့တွင်
ခုန်ထွက်လာသည့် ဖားပေါင်တံရှည်တစ်ကောင်
ကိုပင် အမြင်မကြည်စွာ ဖုန်းကနဲ ကန်ထုတ်
ပစ်လိုက်၏...။

ပုဇင်းရင်ကွဲသံ ဆူဆူညံညံကလည်း တောတွင်း
တွင် ဟိုနေရာမှ ထွက်ပေါ်လာလိုက် ဒီနေရာမှ
ထွက်ပေါ်လာလိုက်ဖြင့် တစီစီ....။

ဂေါင်စိကွေးသည်ကား သူ၏ ညီတော် ဂိုလေး၏
စကားသံများကို နားထောင်နေသည့်တိုင်
ဝမ်းအတွင်း ရစ်နေသည့် ဒုက္ခကို အံကြိတ်ကာ
သည်းခံနေရ၏..။

တောတွင်းမှ တဲအိမ်လေး (တောတွင်းမှ တဲအိမ်လေး) Completed Tahanan ng mga kuwento. Tumuklas ngayon