🏹6🗡

284 31 41
                                    

Unicode ver;

တောအုပ်အနောက်ဖက်သို့ အလိုမကျသည့်
မျက်နှာဖြင့် ထွက်သွားသည့် ဂိုလေးကို
ဂေါင်စိကွေး မသိချင်ယောင် ဆောင်လိုက်၏..။

အသားဆိုလျှင် စစ်သားနှင်​့ သစ်သားပါ မချန်
စားမည်တကဲကဲ ဖြစ်နေတက်သည့် ဂိုလေး
အကြောင်း ဂေါင်စိကွေး သိပ်ကို သိသည်ပေါ့..။

​ပြီးခဲ့သည့် လဆန်းကပင် ပစ်ခဲ့သည့်
ဆိတ်ပေါက်တစ်ကောင်လည်း ကင်စားလိုက်
ပြုတ်စားလိုက်နှင့် တစ်ခါခါဆို အစိမ်းပါ
စားတက်သေးသည့် ဂိုလေးကြောင့် (၈)ရက် မြောက်နေ့ဖြစ်သည့် လဆုတ်တစ်ရက်မှာပင်
အသားမှန်သမျှ ဗလာနတ္ထိဖြစ်နေပြီ ဖြစ်သည်။

တစ်စတစ်စ နေရောင်တက်လာသည် ကောင်းကင်ကြီးကို မော့ကြည့်လိုက်တော့
တိမ်ပါးပါးလှပ်လှပ်များသာ ဟိုတစ်စ ဒီတစ်စ
တွေ့ရသည်ဖြစ်၍ အမဲလိုက်လို့ကောင်းမည့်
ရာသီဥတုဖြစ်သည်ကို ဂေါင်စိကွေး သဘော
ပေါက်လိုက်သည်...။

ရာသီဥတုသာယာသည့် ဒီလိုနေ့မျိုးတွင်မှ
ရိက္ခာမစုဆောင်းပါလျှင် အသင့်တော်ဆုံးနေ့
ဆိုသည်မှာ မရှိတော့ပါချေ...။

ထို့နောက် တစ်ခန်းတည်းရှိသည့် အိပ်ခန်းထဲသို့
လှမ်းဝင်လိုက်ရင်း လက်စွဲတော် ဓားရှည်နှင့်
လှံတိုနှစ်ချောင်းကို ထုတ်ယူလိုက်၏...။

ထို့နောက် တသွင်သွင် စီးနေသည့် ချောင်းစပ်သို့
ဆင်းသွားပြီး တမြေ့မြေ့ သွေးနေလေတော့
သည်။

အဆိုပါချောင်းလေးသည် ဂေါင်တွေးညီနောင်၏
ရိပ်မြုံရှိရာနှင့် သိပ်မလှမ်းလှပေ..။

ဂေါင်တွေး ညီနောင်၏ ရိပ်မြုံနှင့် လက်ပံပင်
ကျေးရွာတို့ကြားတွင် တောင်နှစ်လုံးက ပိုင်းခြား
ထားလေ၏...။

လက်ပံပင်ကျေးရွာသို့ ဖြတ်၍ စီးဆင်းလာသည့်
အဆိုပါ ချောင်းလေးသည် တောင်နှစ်လုံး
အောက်တွင် ရေငုတ်ပျောက်ကွယ်သွားကာ...
ဂေါင်တွေးညီနောင်၏ ရိပ်မြုံခပ်လှမ်းလှမ်းတွင်
မှ ပြန်လည် ပြူထွက်လာခဲ့သည်ပင်....။

ဂေါင်စိကွေး လွန်ခဲ့သည့်နှစ်အချို့က သေဆုံး
မသွားဘဲ အသက်ရှင်ကျန်ရစ်သည့် တစ်ခုတည်း
သော အကြောင်းအရင်းမှာလည်း ဒီရေငုတ်
ပျောက်ကွယ်သွားသည့် ချောင်းကလေးကြောင့်
ပင်ဖြစ်သည်...။

တောတွင်းမှ တဲအိမ်လေး (တောတွင်းမှ တဲအိမ်လေး) Completed Dove le storie prendono vita. Scoprilo ora