📻 10 📻

842 47 28
                                    

Unicode ver;

မြေနီလမ်းဖြစ်၍ ထော်လာဂျီဖြတ်သွားသည့် လမ်းကြောင်းတစ်လျှောက်တွင် မြေနီလုံးများက အလုံးလိုက် အလုံးလိုက် ရဲရဲထနေ၏...။

ဒီထော်လာဂျီသည် ဒီအနီးတစ်ဝိုက် ရွာနီးချုပ်စပ်
တွင် အကောင်းဆုံးသော စီးတော်ယာဉ်ဖြစ်၍
ထိုထော်လာဂျီတွင် လိုက်ပါစီးနင်သူများသည်
ခေါင်းမော့ ရင်ကော့ဖြင့် လိုက်ပါလျက်ရှိသည်..။

ထို့ထဲတွင် အတက်ကြွဆုံးသည်ကား ဂိုတွေးပင်
ဖြစ်တော့၏...။ သူသည် လည်ပင်းတစ်ဆန့်
မော့ထားရင်း လမ်းဘေးဝဲ/ယာအား မမောနိုင်
မပန်းနိုင်ဖြင့် ချာချာလည်အောင် ငေးလျက်... ပျော်ရွင်လျက်ဖြင့် လိုက်ပါလာသည်...။

တစ်ခါတစ်လေများဆိုရင်ဖြင့် လမ်းတွင်တွေ့
သည့် ရွာသားများအား နောင်ကြီး၊ ဒွေးလေး၊ ဘကြီးစသည်ဖြင့် အော်ဟစ်နှုတ်ဆက်ရင်း လက်
ဝေ့ရမ်းရင်းဖြင့် တစ်ယောက်ထဲ အော်ဟစ် ဆူညံနေတတ်၏။

ထော်လာဂျီ၏ စက်သံသည် အတော်ကို
ကျယ်လောင် ဆူညံသော်လည်း ဂိုလေး၏ ဝမ်းသာပျော်ရွင်နေသည့်အသံကိုကား မဖုံးလွမ်းနိုင်ချေ...။

ထော်လာဂျီပေါ်တွင် အတူလိုက်ပါလာသည်က
လုံမပျိုလေးတစ်အုပ် ဖြစ်သဖြင့် ရုပ်ရည်
တင့်တယ်ပြီး ချစ်စရာအပြုံးများ ပိုင်ဆိုင်ထား
သည့် ဂိုလေး၏ဆူညံနေမှုအား လုံမပျိုလေးများ
က အပြစ်မမြင်သည့်အပြင် တခစ်ခစ်ဖြင့် သဘောပင်ကျနေကြသေး၏...။

ထိုလုံမပျိုလေးများသည် မကြာမီက ကောက်ရိတ်သိမ်းထားပြီး ငွေပိုငွေလျှံလေးများရှိချိန်ဖြစ်၍ အမျိုးသမီးများပီပီ အလှအပရေးရာများ ဝယ်ယူချင်၍ မြို့သို့ သွားလိုကြသူများ ဖြစ်ကြ၏...။

ယောင်္ကျားလေးဆို၍ ဂိုလေးနှင့် နောင်တော်ကွေး အပါအဝင် ထော်လာဂျီမောင်းသည့်
နောင်ကြီးတစ်ယောက်ကို ထည့်တွက်လျှင်
ကျားကျားယားယား (၃) ဦးသာ ပါဝင်လေသည်...။

ထော်လာဂျီမောင်းသည့် နောင်ကြီးသည်ကား လုံမပျိုလေးများ၏ တခစ်ခစ်အသံများနှင့်
ဂိုလေး၏ ဆူညံနေမှုအား အလေးမထား
သယောင် သူ၏ထော်လာဂျီကိုသာ အာရုံထား
လျက်ရှိ၏...။

You've reached the end of published parts.

⏰ Last updated: Aug 20, 2021 ⏰

Add this story to your Library to get notified about new parts!

တောတွင်းမှ တဲအိမ်လေး (တောတွင်းမှ တဲအိမ်လေး) Completed Where stories live. Discover now