🏡 9 🏡

212 26 19
                                    

#Unicode

ရွာမှတိုက်ခိုက်ရေးပြီး တစ်ပတ်မျှကြာချိန်တွင် ကျုပ်တို့ညီနောင်တို့နှစ်ယောက်မှာ ကိုယ်ပိုင်
တဲအိမ်လေးမှာဘဲ နေသားတကျရှိလေကြသည်။

သို့သော်......

"နောင်တော်ကွေး ကျုပ်တို့မှာစုထားတဲ့
ပိုက်ဆံဘယ်လောက်ရှိပြီလဲ..."

ရုတ်တရက်ကြီး အနားသို့​ရောက်လာကာ
အတည်ကြီးဟန်ဖြင့်မေးလာသော ဂိုလေး
ကြောင့် သူ့မှာ မျက်ခုံးခပ်လှုပ်လှုပ်။

"ရှိတော့ရှိမှာပေါ့....ငါ မရေကြည့်မိဘူး..."

အဲလောက်ထိ ပိုက်ဆံကိုဂရုစိုက်တဲ့ ညီအစ်ကိုပေတကား...။ ဟုတ်တော့လည်းဟုတ်သည်။ ကျုပ်တို့နှစ်ယောက်မှာ ပိုက်ဆံမလိုချေ။ ထွေထွေ
ထူးထူးဝယ်စရာလည်းမရှိသလို လိုအပ်သည့် အစားအသောက်များသည်လည်း လက်ပံပင်ကျေးရွာကို သွားလိုက်ရုံနှင့်အဆင်ပြေနေသည်ပဲ
ကို...။

"နောင်တော်ကွေး ကျုပ်တို့ရဲ့အခုပုံစံက သိပ်ကိုငြီးငွေ့စရာကောင်းတယ်လေဗျာ...."

ဟန်ပါပါပြောလာသည့်ကောင်အား သူကြည့်ကာ ဆက်ပြောပါအုံး ဆိုသည့်ပုံစံဖြင့် မေးဆက်ပြလိုက်တော့ ဝမ်းသာသွားဟန်ဖြင့်
ချောင်းတစ်ချက်ဟန့်လိုက်ကာ ဆက်ပြောလေသည်။

"ကျုပ်တို့မှာ စုထားတဲ့ငွေတွေတော့ရှိမှာဘဲ...
အဲဒီတော့ ကျုပ်တို့မြို့တက်ပြီး ရေဒီယိုသွားဝယ်ရအောင်.... "

ထို 'မြို့တက်'နှင့် 'ရေဒီယို' ဆို့သည့်စကားလုံးတို့သည်မှာကား ဂိုလေးလိုချင်သည့်အရာများဖြစ်နေသောကြောင် သူတမင်ညစ်ချင်လာသည်။

"တကယ်တော့ ဂိုလေးရာ....ငါတို့မှာ ရေဒီယို
က လိုအပ်နေတာတော့မဟုတ်ဘူးလေ... "

မျက်နှာမဲ့သွားသည့် ဂိုလေးအားကြည့်ကာ
သူ့စိတ်တို့ အနည်းငယ် ရွှင်ပြလာသလို။
ထို့ကြောင့် ဆက်ပြောလိုက်သည်။

"ပြီးတော့ ငါတို့ကဒီလိုပဲနေလာတာ ခုချိန်ထိဘဲလေ....ပိုက်ဆံကရှိပေမဲ့ မြို့တက်ပြီး ရေဒီယို ဝယ်ရလောက်​အောင်ထိတော့ ရှိမယ်မထင်ဘူး.... အပူမရှာစမ်းပါနဲကွာ...."

တောတွင်းမှ တဲအိမ်လေး (တောတွင်းမှ တဲအိမ်လေး) Completed Where stories live. Discover now