🏡 7 🏡

223 27 27
                                    

#Unicode

"မင်းဘာလုပ်နေတာလဲ....??"

ပုဆိုးတစ်ထည်ကို မျက်နှာတစ်ဝက်ဖုံးသည်အထိ ပတ်ကာချည်နေသော ဂိုလေးက
နောင်တော်ကွေးစကားကြောင့် အူကြောင်ကြောင်ဖြင့် သူ့အားကြည့်လာတော့
မေးဆတ်ပြကာ ဘာလုပ်နေတာလဲ ဟုထပ်မေးလိုက်သည်။

"ဒါက ဓားပြတွေရဲ့ပုံစံလေ......နောင်တော်ကွေးက တုံးရန်ကော....."

အပြုအမှုနဲ့သာမက စကားလုံးနဲ့ပါ စော်ကားလာသည့်ကောင်အား တစ်ချက်ကြည့်ကာ
လှောင်ရယ်လိုက်သည်။

"ငါတို့ ဓားပြတိုက်ရင်ဘယ်တုန်းက မျက်နှာကိုဖုံးလို့လဲ......ပြီးတော့ ဓားတောင်မပါဘူးလေ.....မျက်နှာပဲပြတာ...."

ထိုစကားကမှန်နေသောကြောင့် ဂိုလေး တွေတွေဝေဝေဖြစ်သွားကာ လက်ထဲမှ ပုဆိုးစအား မျက်နှာကိုဖုံးရမလား မဖုံးရတော့ဘူးလားဟု စဉ်းစားလျှက်ရှိသည်။

ထို့နောက် မျက်နှာကိုမဖုံးတော့ဘဲ နောင်တော်ကွေးက ဓားရှည်ကို ကိုင်ဆွဲကာ ဂိုလေးကတော့ ဒူးလေးကို ကိုင်ဆွဲလိုက်သည်။

"နောင်တော်ကွေးပြောတော့ ဓားတောင်မယူဘူးဆို ဒီနေ့ဘာလို့ လက်နက်တွေကိုယူတာလဲ....."

နောင်တော်ကွေးက မျက်ခုံးတွေကို တွန့်ချိုးကာ.....

"ဒီနေ့ တစ်ခုခုဖြစ်တော့မယ်လို့ ထင်နေတယ်....ဒါကြောင့် လိုလိုမယ်မယ် ယူသွားရမယ်"

နေလုံးကတဖြည်းဖြည်းပျောက်ကွယ်လာချေပြီ။ အမှောင်ထုက ကြီးစိုးလာပေမဲ့ ကျုပ်တို့ညီအစ်ကိုနှစ်ယောက်ကတော့ ဂရုမစိုက်ပါချေ။ နေထိုင်ရာတောတွင်းထဲမှ ထွက်လာကာ
လက်ပံပင်ကျေးရွာသို့ ဦးတည်လိုက်ကြသည်။

မဖွံ့ဖြိုးမတိုးတက်သည့်ရွာငယ်လေးမို့ လျှပ်စစ်မီးမရှိပေ။ တစ်ရွာလုံးတွင်မှ သုံးလေးအိမ်မျှသာ ဖယောင်းတိုင်မီးပျပျဖြင့် လင်းကာ ကျန်သည့်အိမ်များက မှောင်မိုက်ကာ တိတ်ဆိတ်လျှက်။ ညဦးဘက်ပင်ဖြစ်သော်လည်း ထမင်းစားပြီးသည်နှင့် မီးငြိမ်းကာ အိပ်သောသူများပင်ဖြစ်လေသည်။

ထိုအထဲတွင် မီးရောင်ပျပျလင်းနေသည့် အိမ်တစ်အိမ်ဘေးကို အသာချဉ်းကပ်လိုက်ကြ
ကာ တိုးတိုးနေရန်အချက်ပြလိုက်ကြပြီး အိမ်ထဲမှ အသံတို့ကို နားထောင်လိုက်ကြသည်။

တောတွင်းမှ တဲအိမ်လေး (တောတွင်းမှ တဲအိမ်လေး) Completed Where stories live. Discover now