🎡 2🎡

688 58 45
                                    

အချိန်ကာလသည်ကား နွာရိုင်းသိမ်းချိန်ဖြစ် သည်။

အနောက်ဘက်ဆီမှ နေမင်းကြီးကား လောက
တစ်ခွင်ကို တာ့တာပြလျက် တအိအိဆင်းနေလေ
ပြီ....။

" ဘိုင့်...ဘိုင်..''

တိမ်တောက်မှုကြောင့် ကောင်းကင်တစ်ခွင်လုံး
လိမ္မော်ရောင်တောက်ပနေမှုအပြင် အပြာရင့်ရင့်
တိမ်ဆိုင်များကလည်း တွဲလျက် ကပ်လျက်...။

ဝါးထရံကာထားပြီး ဓနိမိုးထားသည့် တောစပ်မှ
အိမ်ငယ်လေးတွင်တော့ ဂေါင်တွေး ညီနောင်
နှစ်ယောက် ရှုပ်ယှက်ခတ်အောင် အလုပ်များနေ
ကြသည်...။

" ကွေး...၊ မြန်မြန်လုပ်ဗျာ...၊ ဟိုမှာ ဇာတ်က
စနေလောက်ပြီ..။''

ဂိုတွေး က သူ့နောင်တော် ဂေါင်စိကွေး ကို
အတင်းလောဆော်နေသည်...။

သူများကိုသာ မြန်မြန်လုပ်ဟု လောဆော်နေ
သော်လည်း သူကိုယ်တိုင်သည်က သူ့၏
ဗိုက်ကလေး ဆံပင်ကေ ကို သ,လို့ မပြီးနိုင်သေး။

ဘေးသို့ ကားထွက်နေအောင် သူ၏ ဆံပင်များ
ကို ရှားစောင်းလက်ပတ်ရွက်ဖြင့် တစ်ခါပြီး
တစ်ခါ အတင်းကို ဆွဲကားနေသည်မှာ မပြီးနိုင်။

သူ၏ တောင်ရှည်ပုဆိုးကိုလည်း ဂိုတွေး
ပြင်ဝတ်နေသည်မှာ အခေါက်ခေါက်အခါခါ....။

" အကွေး....မြန်မြန်လုပ်ဆိုဗျာ..''

ထိုအသံကို ဝရံတာတွင် ထိုင်ပြီးစောင့်နေသည့်
ဂေါင်စိကွေး ထပ်ကြားမိတော့ မနေနိုင်တော့ဘဲ
တစ်ခန်းထဲသာရှိသည့် အိပ်ခန်းသို့ ဝင်လိုက်ပြီး
စိတ်ဆိုး မာန်ဆိုးဖြင့်......

"မင်းရဲ့ ဖခမည်းတော်က အပြင်ရောက်နေပြီကွ''

သူနောင်တော်၏ မာန်မဲသံကြားမှပင် ဂိုတွေး
တဟဲဟဲ ရယ်လိုက်ရင်း နောက်ဆုံးတစ်ခေါက်
အနေဖြင့် သူ၏ ဗိုက်ကလေး ကေကို ဆွဲကား
လိုက်ပြီး အပြင်သို့ ထွက်လာခဲ့သည်....။

" နောင်တော်ကွေးကလည်း စိတ်ကြီးပဲ..
ဟဲဟဲ..။ သွားကြစို့..''

နောင်တော်ကွေးသည်ကား စိတ်ပြေပုံ မပေါ်
သေးသည်မို့ သူ၏ နောင်တော်ကွေး စိတ်ပြေစေ ရန် အလို့ငှာ ဂိုတွေးက....သူ၏ နောင်တော်ကို
ချီးမွမ်းခန်း ဖွင့်လိုက်သည်...။

တောတွင်းမှ တဲအိမ်လေး (တောတွင်းမှ တဲအိမ်လေး) Completed Where stories live. Discover now