🏡 3 🏡

428 42 10
                                    

#UNICODE

" ဒီမုန့်က စားလို့ကောင်းတာသေချာရဲ့လား..."

ဝယ်မှာဖြင့်မဝယ်ဘဲ ဟိုဟာကောင်းလား
သည်ဟာကောင်းလားဟု မေးနေသော ကျနော့်အား နောင်တော်ကွေး နှင့် မုန့်ရောင်းတဲ့ အန်တီကြီးက စိတ်မရှည်သောမျက်ဝန်းများဖြင့် တတိယအကြိမ်ကြည့်လာချိန်တွင်
ဆက်မပြောတော့ဘဲ မုန့်သားကို တစ်ကိုက်ကိုက်ကာ အရသာခံလိုက်သည်။

"အင်း....စားလို့ကောင်းသားဘဲ...နောင်တော်ကွေး ပိုက်ဆံရှင်းလိုက်တော့....."

ထိုအခါမှ နောင်တော်ကွေးက ခါးပိုက်တွင်
ထည့်ထားသည့် ပိုက်ဆံအားထုတ်ကာ မုန့်သည်မအား ပေးလိုက်လေသည်။

" မင်း ဇာတ်တော်ကြည့်မယ်ဆို ကြည့်နှင့်နေအုံး....ငါ ရေအိမ်သွားချင်လာလို့...."

ပွဲခင်းထဲထိုင်ချပြီးမှ ပြောလာသော နောင်တော်ကွေး စကားကြောင့် ခေါင်းညိမ့်ပြကာ လက်ထဲမှ မုန့်မျိုးစုံနှင့်အတူ ရှေ့မှ ဇာတ်တော်သို့သာ
အကြည့်ပို့လိုက်သည်။

အင်း.....ပွဲက စနေပြီ...။

"ဟဲ့....ဂိုလေး...."

စိတ်ပါဝင်စားကြည့်နေရင်းမှ ပုခုံးကိုရိုက်ချက်နဲ့အတူ နာမည်ပါခေါ်လာသည်မို့ လှည့်ကြည့်လိုက် တော့ ဘေးတွင်ဝင်ထိုင်လာသော မိအေး။

"နင်ရော ပွဲလာကြည့်တာလား...."

ပွဲစင်ရှေ့ထိုင်နေတဲ့လူကို ပွဲလာကြည့်တာလားဆိုတော့ ကျနော်ဘာပြန်ပြောရမလဲ။

ခေတ္တခဏလောက် သေချာစဉ်းစားပြီးနောက်
မိအေးဘက်သို့လှည့်ကာ......

"မဟုတ်ဘူးဟ.....နောင်တော်ကွေး ရေအိမ်သွားချင်တယ်ဆိုလို့......"

ထိုစကားကြောင့် မိအေးက ဘာမှဆက်မပြောနိုင်ဘဲ တုန့်ဆိုင်းသွားလေသည်။ သို့ပေမဲ့ ဂိုလေးတို့ က ဂရုစိုက်နေတာမဟုတ်။ လက်ထဲမှ မုန့်မျိုးစုံတို့ကို အရသာခံရင်း ရှေ့မှ ပြဇာတ်သို့သာ အာရုံပို့လိုက်တော့သည်။

"ရွာက ရေအိမ်တွေက မိုက်ချက်ဗျို့....အေးနေတာဘဲ ......"

ခင်များတို့ ထင်သလိုပါဘဲ။ ဒါက ရေအိမ်သွားတဲ့ နောင်တော်ကွေးပဲ ဖြစ်ပါတယ်....။

တောတွင်းမှ တဲအိမ်လေး (တောတွင်းမှ တဲအိမ်လေး) Completed Opowieści tętniące życiem. Odkryj je teraz