အကယ်၍
[conj] စိတ်ကူးထင်မြင်ချက်ကို ရည်ညွှန်းသည်။
စာကြောင်းတစ်ကြောင်း၏ အစ၌ သုံးလေ့ရှိသည်။ ဤစကားလုံးကို သူတို့၏ ပါးစပ်ကနေ မကြာခဏ ပြောတတ်သည့် လူအများစုသည် စိတ်လုံခြုံမှုမရှိသူများ၊ အတိတ်ကို လက်မလွှတ်နိုင်သူများ ဖြစ်တတ်ကြသည်။
နေ့ရောညပါ အချိန်ပိုလုပ်ရသည့် ၂ ရက်တာကုန်ဆုံးသွားပြီးသည့်နောက် ဝူရိဖန်တွင် နားချိန်ရှိလာခဲ့ပြီဖြစ်သည်။ သူသည် နူးညံ့သော ကတ္ထီပါစောင်ကို ထိလိုက်သည့် အချိန်မှာပဲ တံခါးဆီက တင်းတောင် တင်းတောင် ဆိုသည့်အသံက အနှောင့်အယှက်ပြုလာခဲ့သည်။
ဝူရိဖန်သည် အိပ်ရာပေါ်မှ ထထိုင်လိုက်သည်။ သူသည် ခေါင်းကိုငုံ့ထားပြီး လက်ချောင်းများကို ဆံပင်ထဲထည့်ကာ ခပ်ကြမ်းကြမ်းဆွဲဖွလိုက်သည်။ တဖန် ခေါင်းပြန်မော့လာသောအခါ မျက်နှာကျက်တွင်ရှေးကျသည့် ဒီဇိုင်းတစ်ခုနှင့် အစားထိုးလဲလှယ်ထားသည့် မီးစိုင်းကို ကြည့်ရင်း သက်ပြင်းဖွဖွချမိလေသည်။
ထပ်ပြီး အဲ့ဒီလူပဲ ဖြစ်ရမယ်၊ မင်းပဲ ၊ လုဟန် ။
တံခါးဖွင့်လိုက်သောအခါ တံခါးနှင့် တံခါးဘောင်ကြားတွင် ချိန်းကြိုးလေးတစ်ခု ရှိနေသည်။ ဤအရာကလည်း အရင်က လုဟန်လုပ်ထားခဲ့ခြင်းဖြစ်သည်။ (ချိန်းကြိုး၏) နာမည်ပြောင်မှာ "ဓါးပြ မလာရ၊ သူခိုး မလာရ၊ နှာဘူး မလာရ"
သူက အမေရိကန်ဇာတ်လမ်းတွဲ တော်တော်များများကို ကြည့်ဖူးသည်ဖြစ်ရာ ချိန်းကြိုးထည့်ထားခြင်းသည် ခေတ်နောက်ပြန်ဆွဲနေသည်ဟုပင် ခံစားရသည်။
YOU ARE READING
赖皮 《Rascally》
RomanceMyanmar Translation of 赖皮 《Rascally》 Original author - 陈年疚 Chapters - 15 I don't own this story & it's translated from Chinese to Myanmar for entertainment purpose only.All credits go to original author 陈年疚 Chen Niangui.