[Unicode] Chapter - 3

41 8 0
                                    

မတ်လ ၁၂ ရက်၊ ကြာသပ​တေး​နေ့၊ ​နေသာတယ်၊ တိမ်ထူတယ်။

လုဟန်က ဒိုင်ယာရီ၏အစတွင် လိုအပ်​သော စာ​​ကြောင်းပုံစံကို​ရေးပြီးသည့်​နောက် ရုတ်တရက် ဘာ​ရေးရမှန်းမသိဖြစ်​နေ​လေသည်။ သူသည် ဘောပင်ကို ကိုင်ထားရင်း ကိုက်​နေ​မိသည်။ အချိန်​အတန်ကြာ စဥ်းစားပြီးသည့်​​နောက်မှ စာရွက်​ပေါ်တွင် မှင်စတို့ပြီး ရေးလိုက်သည်။

"ဒီ​နေ့ ​လေယာဥ်​ပေါ်က ဆင်း​တော့ US မှာ ​နေ့လည်ပဲရှိ​သေးတယ်။ အချိန်ကွဲလွဲတာက တကယ်ကို မယုံနိုင်စရာပဲ။"

စာ​ကြောင်းဆုံးသည်အထိ ​ရေးပြီး​သောအခါ ​​ဖောင်တိန်ထိပ်ဖျားသည် စာ​ကြောင်းအဆုံးက သင်္ကေတ​ဘေးတွင် ရပ်တန့်သွားပြီး အနက်​ရောင်အစက်အဖြစ်ကျန်ရစ်သည်။ သူက မဟုတ်​သေးဘူးဟု တွေးမိသဖြင့် အားလုံးကို ဖျက်ပြီး ပြန်​ရေး​လေသည်။

"Arc de Triomphe က သွားကြည့်ရတာတန်​တယ်။ တကယ်ခမ်းနားတယ်။ ဒါ​​ပေမဲ့ သူ့​ဘေးမှာ​ရောင်းတဲ့​ရေခဲမုန့်က အရမ်းအရသာရှိတယ်။"

"Arc de Triomphe က သွားကြည့်ရတာတန်​တယ်။ တကယ်ခမ်းနားတယ်။ ဒါ​​ပေမဲ့ သူ့​ဘေးမှာ​ရောင်းတဲ့​ရေခဲမုန့်က အရမ်းအရသာရှိတယ်။"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Arch de Triomphe [From Wikipedia]

မှင်​တွေထပ်စွန်းသွားပြန်ပြီ။

သည်လိုနှင့် စာမျက်နှာတစ်ဝက်​လောက်က အနက်​​ရောင်ဖြစ်​သွားသည်။ သူက ကြံရာမရ​တော့သည့်အဆုံး ကံတရားကို လက်ခံလိုက်ပြီး ရှုပ်ပွ​နေသည့် ဒိုင်ယာရီထဲတွင် "ဝူဖန်" ဆိုသည့် စာလုံး ၂ လုံးချ​ရေးလိုက်သည်။ ထို့​နောက် သူက ဝူ နှင့်ဖန် ကြားထဲတွင် မြှားထိုးကာ "ရိ" ဆိုသည့် စာလုံးကို ထည့်လိုက်သည်။ ကျန်သည့်စာ​ကြောင်းများမှာ

မင်းကိုလွမ်းတယ်၊ မင်းကိုလွမ်းတယ်၊ မင်းကိုလွမ်းတယ်၊ မင်းကိုလွမ်းတယ်၊ မင်းကိုလွမ်းတယ်၊ မင်းကိုလွမ်းတယ်။

赖皮 《Rascally》Where stories live. Discover now