ဒီနေ့ရဲ့ အစားအသောက်ကဏ္ဍကနေ ကြိုဆိုပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့က အရသာရှိတဲ့ Home-made pizza ကို ဘယ်လိုပြုလုပ်ရမလဲ ဆိုတာကို သင်ကြားပေးသွားမှာပါ။
အရင်ဆုံး ကျွန်တော်တို့ ဘာတွေပြင်ဆင်ထားဖို့ လိုမလဲဆိုတော့ ပီဇာလုပ်တဲ့ဂျုံ၊ ခရမ်းချဥ်သီးဆော့စ်၊ နာနတ်သီး၊ ထောပတ်၊ အစေ့အဆံတွေ၊ ကြက်သားပြား၊ ကြက်သွန်နဲ့ ဝက်အူချောင်းတို့ကို ပြင်ဆင်ထားရပါမယ်။
သူက မျက်လုံးများပိတ်ထားလျက်ပင် ဘေးကိုလှည့်ကာ စောင်ထဲက လက်ကိုထုတ်လိုက်ပြီး ဘေးတွင် အိပ်နေသောသူကို ပွေ့ဖက်ရန် လက်လှမ်းလိုက်သည်။ သို့သော် တစ်စုံတစ်ရာ မစမ်းမိပါပေ။ သူက တစ်စုံတစ်ယောက်၏ ဗိုက်ပေါ်တွင် အိပ်နေခြင်းကြောင့်ဖြစ်သည်။ ထို့နောက် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ ပြတင်းပေါက်အပြင်မှ လာသည့် အဖြူရောင်အလင်းတန်းလေးက အမြင်အာရုံထဲသို့ ရောက်ရှိလာသည်။ အဖြူရောင် ခန်းဆီးလေးက ပြတင်းပေါက် တစ်ဖက်စီကို ဆွဲချည်ခြင်းခံထားရသည်။ ပြတင်းပေါက်ဘောင်ပေါ်က cactus ပင်လေး၏ အရိပ်က ကြမ်းပြင်ပေါ်တွင်ကျရောက်နေလျက်။
ဝူရိဖန်က အိပ်ရာနံဘေးကို ကြည့်လိုက်သည်။ ရှုပ်ပွနေသည့် အပြာနုရောင် အိပ်ရာခင်းပေါ်တွင် စောင်က တစ်ဝက်သာရှိသည်။ သူက ခါးကို အနည်းငယ်မတ်ပြီး ထလိုက်သည်။ အိပ်ရာနှင့် မျက်နှာချင်းဆိုင်တွင်ရှိသည့် တံခါးက ဟနေသည်ဖြစ်ရာ သူက အပြင်ဘက် ဧည့်ခန်းထဲရှိ တီဗီကို လှမ်းမြင်နေရသည်။ အစေ့အဆံ၊ ကြက်သားပြား စသည်တို့ကို ကြားလိုက်ရသောအခါ ပြန်လှည့်ပြီး ဆက်အိပ်နေလိုက်သည်။
လုဟန်က လွန်ခဲ့သည့် ရက်အနည်းငယ်တုန်းက ကွန်ပျူတာထဲတွင် download လုပ်ထားသော pizza tutorial ကို တီဗီနှင့်ချိတ်ပြီး ဖွင့်ထားလိုက်သည်။ အစအဆုံး သုံးလေးခေါက်ကြည့်ပြီးသည့် နောက်ဆုံးတွင် မနေ့ညက ဝူရိဖန် ပုံကြမ်းကြည့်ရင်း အလုပ်ရှုပ်နေသည့် အချိန်၌ စျေးသို့ ပြေးကာ လိုအပ်သည်များကို ဝယ်ထားလိုက်သည်။
YOU ARE READING
赖皮 《Rascally》
Lãng mạnMyanmar Translation of 赖皮 《Rascally》 Original author - 陈年疚 Chapters - 15 I don't own this story & it's translated from Chinese to Myanmar for entertainment purpose only.All credits go to original author 陈年疚 Chen Niangui.