(Zawgyi Version)
" အဆင်သင့် ဖြစ်ပြီလား ?? "
" ခင်ဗျား .. တစ်ပါးသူအခန်းထဲဝင်ရင်
တံခါးခေါက်ရမယ်ဆိုတာ နားမလည်ဘူးလား ?? "" မင်းက ကိုယ့်ယောကျာ်းလေ
သူစိမ်းတွေမှ မဟုတ်တာ "" ခင် ဗျား .. အခုချက်ချင်း ထွက်သွား !!!! "
တင်းမာခက်ထန်နေသည့် ဒန် နီ ရယ် နှင့် ဆန့်ကျင်စွာ
အခန်းတံခါးဘောင်ကိုမှီထားသော ခန်း လင်း ဟိုင် ၏
အပြု အမူမှာ လွတ်လပ်ပေါ့ပါးပြီး တက်ကြွနေ၏ ။ဆွဲဆောင်မှုရှိသောအပြုံးသေးသေးလေး ကို တောင်
ဒန် နီ ရယ် ရှေ့ ဖွင့်ဟထားပြီး တစ်ဖက်လူ၏စူးရှ
ထက်မြိသည့်အကြည့်များကို မမှုပုံပင် ။" နက်ခ်တိုင် ကိုယ် ချည်ပေးရမလား ?? "
" ခင်ဗျား အကူအညီမလိုဘူး "
ပုံမှန်ထက် ပြင်းပြင်းထန်ထန်တုန့်ပြန်မှုနှင့်အတူ
ဒန် နီ ရယ် ၏ အေးစက်ပြတ်သားပြီး ဖြောင့်မတ်နေသော
ကိုယ်ဟန်အမူအရာကြောင့် ခန်း လင်း ဟိုင် ချက်ချင်းပင်
အလေးအနက်မထားသလိုပုံစံမှ လူကြီးလူကောင်းအသွင်
သို့ ပြောင်းလဲသွားသည် ။ရိုးရှင်းပြီးအထက်တန်းကျသော အနက်ရောင်အနောက်
တိုင်း ဝတ်စုံသည် အမျိုးသားငယ်လေး၏ကိုယ်ပေါ်တွင်
အပိုအလိုမရှိကွက်တိကျချပ်ရပ်နေပြီး ခန်း လင်း ဟိုင် ၏
ပြောင်ပြောင်တင်းတင်း စူးစမ်းသည့်အကြည့်အောက်တွင်
အနည်းငယ်တောင်ရှက်ရွံ့ယိမ်းယိုင်သွားခြင်းမရှိဘဲ
မည်သူမှအနားမကပ်ဝံ့သည့်ရှိန်ချင်စရာကောင်းသော
ခံစားချက်မျိုးအား ပေးစွမ်းနေသည် ။ဤလူငယ်လေး၏ဖြောင့်မတ်တည်ကြည်သော
အကျင့်စရိုက်ကို သိထားပြီးသားဖြစ်ပေမဲ့ အလေးအနက်
ထားပြီးသူ့ကိုယ်သူ တင်းကျပ်လိုက်သည့်အခါ ပို၍ပင်
လေးစားဂုဏ်ယူဖွယ်ကောင်းလှ၏ ။
BẠN ĐANG ĐỌC
I wanna be Die again !!! (သားသားဘဲ လက်ခံမယ် အဖေလက်မခံပါ ) (Z+U)
Lãng mạnသူ သေဆုံးခဲ့တယ် .. ဒါပေမဲ့ မထင်မှတ်ထားဘဲ သူ ဝိဥာဉ်ကူးပြောင်းခြင်းခံရပြီး ပြန်လည်မွေးဖွားခဲ့တယ် အစီအစဉ်မကျတဲ့ သူ့ဘဝကြီးဟာ ဖရိုဖရဲနဲ့ဘဲ ကလေးတစ်ယောက်အဖေ ဂေးတစ်ယောက်အဖြစ် လက်ခံလိုက်ရပါတော့တယ် ။ သူ သေဆုံးခဲ့တယ် .. ဒါပေမဲ့...