[Zawgyi Version]
ဟိုင်းနမ် ၏ ခေါင်းဆောင်အသစ်ခန့်အပ်ပွဲမှာ ထင်ထား
သည်ထက် ပို ပြင်းထန်ပြီး ကန့်ကွက်မှုလည်းများ၏ ။
လူတိုင်းက လူဆိုးလူမိုက်အသွင်အပြင်မျိုးရှိပြီး မသိလျှင်
မာဖီးယားဂိုဏ်း ၏ အစည်းအဝေးပွဲနှင့်တောင်
ဆင်တူနေသည် ။
အထင်သေး ရှုံ့ချချင်တဲ့အကြည့်ပေါင်းများစွာ ရှေ့တွင်
ဒန်နီရယ် ရပ်နေရပေမဲ့ အနည်းငယ်မျှကြောက်လန့်
တုန်လှုပ်ခြင်းမရှိ ။
စစ်သူကြီးဘဝတုန်းက ဒီထက်ရက်စက်ခက်ထန်တဲ့
စစ်သည်တော်တွေကို အမိန့်ပေးအုပ်ချုပ်ခဲ့ရတာလေ
ဤ လူမိုက်လောက်လေးတွေကို သူ့လိုစစ်နတ်ဘုရားက
ကြောက်စရာလား !?
ပြောရမယ်ဆို သူတို့ဟာ ရဲရင့်တဲ့စစ်သည်တော်တွေလို့
နားထောင်ကောင်းအောင် ဂုဏ်ပြုထားပေမဲ့
တကယ်တမ်း တစ်တိုင်းပြည်လုံးက သူတို့ကို
အကြင်နာတရားမရှိတဲ့လူသတ်စက်တွေလို့ဘဲ ကွယ်ရာ
သတ်မှတ်ထားကြတာ ..
သူတို့၏အရှင်သခင်ကအစ ..
တိုင်းပြည်ကို ကာကွယ်ပေးတဲ့ သူရဲကောင်းများ လို
သဘောထားပြီး လေးစားချစ်ခင်ခြင်းမရှိဘဲ သွေးလွှမ်း
စစ်မြေပြင်ကိုနှစ်ခြိုက်တဲ့ လူသတ်စက်များ ဟုသာ
သတ်မှတ်ပြီး အချိန်မရွေးတော်လှန်ပုန်ကန်နိုင်တဲ့
သံသယစိတ်များသာထားခဲ့သည် ။
ထို့်ကြောင့်လည်း သူ စစ်ပွဲအတွင်းလုပ်ကြံခံခဲ့ရတာ
ပေါ့ ..
ထိုသို့သော တိုင်းပြည်၏အရှင်သခင်တောင်ကြောက်ရတဲ့
လူသတ်စက်ကြီးက ဤ ရာဂဏန်းတောင်မပြည့်သည့်
လူမိုက်သာသာ သာမာန်လူတွေကို ဂရုစိုက်ရမည်တဲ့
လား !??
ဟာသ ဘဲ !!! ဒန်နီရယ် သာ ဆန္ဒရှိရင် ရှိသမျှသူအကုန်
လုံးကို မိနစ်ပိုင်းအတွင်း အသေသတ်နိုင်တယ် ။
စစ်မြေပြင်တွင် ရန်သူကို သနားညှာတာခြင်းမရှိရ ။
သူမသတ်ခင် ကိုယ်အရင်သတ်ရမယ်ဆိုတဲ့ ဥပဒေသက
ရိုက်သွင်းခံထားရပြီးသားမို့ ဒန်နီရယ် သည် ဘယ်သော
အခါမှ ရန်သူကို အရှင်မထားပါ ။
BẠN ĐANG ĐỌC
I wanna be Die again !!! (သားသားဘဲ လက်ခံမယ် အဖေလက်မခံပါ ) (Z+U)
Lãng mạnသူ သေဆုံးခဲ့တယ် .. ဒါပေမဲ့ မထင်မှတ်ထားဘဲ သူ ဝိဥာဉ်ကူးပြောင်းခြင်းခံရပြီး ပြန်လည်မွေးဖွားခဲ့တယ် အစီအစဉ်မကျတဲ့ သူ့ဘဝကြီးဟာ ဖရိုဖရဲနဲ့ဘဲ ကလေးတစ်ယောက်အဖေ ဂေးတစ်ယောက်အဖြစ် လက်ခံလိုက်ရပါတော့တယ် ။ သူ သေဆုံးခဲ့တယ် .. ဒါပေမဲ့...
