[Zawgyi Version]
" ဒါတွေ က !!! "
" ခင်ဗျား နဲ့ မဆိုင်ဘူး "
" ဆရာဝန်တစ်ယောက်အနေနဲ့ မဆိုင်ဘူးဆိုတာ
မရှိဘူး "လက်နှစ်ဖက်တွင် ပွစိခက်နေသည့်ပြတ်ရှရာများက
လက်မောင်းအတွင်းထိ ။ တစ်ချို့က ခပ်မှိန်မှိန် တစ်ချိန်က
ကြည့်ရဆိုးစွာ ထင်ရှားဖောင်းကြွနေသည် ။ထိုပြတ်ရှရာများမှာ မိမိကိုယ်တိုင် ဓားနှင့်ခြစ်လျှင်ခြစ်
မဟုတ်လျှင် တစ်စုံတစ်ယောက်မှ ထိခိုက်ဒဏ်ရာရစေ
လိုသောရည်ရွယ်ချက်ဖြင့် လှီးဖြတ်ထားတာဖြစ်နိုင်၏ ။ဖန်း ဟွာ ဆို သူ့ရှေ့ကလူငယ်လေး၏ လက်နှစ်ဖက်ကို
မြင်မြင်ချင်း ဆရာဝန်တစ်ယောက်အနေနှင့်ရော လူသား
တစ်ယောက်အနေနှင့်ပါ မတုန်လှုပ်မိဘဲမနေနိုင် ။မှိန်ဖျော့နေသည့်လှီးဖြတ်ရာအများစုက နှစ်ကာလကြာမြင့်
ခြင်းကြောင့်ဖြစ်နိုင်ပေမဲ့ ထင်ရှားပြီး ရှည်လျားလှသော
လှီးဖြတ်ရာအချို့မှာ လတ်တလောမှ ရထားခြင်းဖြစ်နိုင်
သည် ။အကယ်၍ တစ်စုံတစ်ယောက်မှ ထိခိုက်လိုသည့်စိတ်နှင့်
လုပ်ထားသည်ဆိုလျှင် ဒန်နီရယ် အတွက် အတော်လေး
အန္တာရာယ်များချေသည် ။ သေချာပေါက် သူ့သူငယ်ချင်း
ခန်းလင်းဟိုင် က ဒန်နီရယ် ကိုလက်ဖျားနှင့်တောင်
ရွယ်မည်မဟုတ် .. ဖြစ်နိုင်ချေရှိသည်က မိသားစုထဲက
များလား ??အိမ်တွင်းအကြမ်းဖက်ခံရသည်ဆိုလျှင် သူတို့ ဒန်နီရယ်
ကို အပြည့်အဝကာကွယ်ပေးနိုင်သည် ။ သို့သော်
မိမိကိုယ့်ကိုယ် ထိခိုက်စေခြင်းဆိုလျှင်တော့နောက်
ပြဿ နာဖြစ်သွားချေပြီ ။" လင်းဟိုင် သိလား ?? "
" ကျုပ်မှာ ဘာမှပြောစရာမရှိဘူး ။ ခင်ဗျားအနေနဲ့
ကိုယ်လုပ်စရာရှိတာသာလုပ်ပါ "
VOUS LISEZ
I wanna be Die again !!! (သားသားဘဲ လက်ခံမယ် အဖေလက်မခံပါ ) (Z+U)
Roman d'amourသူ သေဆုံးခဲ့တယ် .. ဒါပေမဲ့ မထင်မှတ်ထားဘဲ သူ ဝိဥာဉ်ကူးပြောင်းခြင်းခံရပြီး ပြန်လည်မွေးဖွားခဲ့တယ် အစီအစဉ်မကျတဲ့ သူ့ဘဝကြီးဟာ ဖရိုဖရဲနဲ့ဘဲ ကလေးတစ်ယောက်အဖေ ဂေးတစ်ယောက်အဖြစ် လက်ခံလိုက်ရပါတော့တယ် ။ သူ သေဆုံးခဲ့တယ် .. ဒါပေမဲ့...