[Zawgyi Version]
" နိုးပြီလား ?? "
အေးစက်ပြီး စပ်ဖျင်းဖျင်းနိုင်သော ခံစားချက်ကြောင့်
ခေါင်းတစ်ချက်ခါပြီး ဒန်နီရယ် ထထိုင်လိုက်သည် ။
မူးဝေနေဆဲ ဦးခေါင်းနှင့် ဝေဝါးနေသည့်အမြင်အာရုံ
က သူ့၏ဦးနှောက်ကို ခဏတာဗလာဖြစ်စေ၏ ။သေချာပေါက် သူ ဟိုင်ဟိုင့် အတွက် ပီဇာထွက်လာတာ
ပါ ။ လမ်းမှာ ကားမောင်းရင်း ဟိုင်ဟိုင်နဲ့တောင် ဖုန်း
ပြောနေသေးသည် ။ထို့နောက်တွင် .. နောက်ယောင်ခံလိုက်လာတဲ့ ကား
တစ်စီးကို ဖုန်းပြောရင်းသတိထားမိလိုက်၍ မျက်ခြေဖျက်
ဖို့တောင် သူ ကားကို အရှိန်တင်လိုက် မိသေး ၏ ။သူ့လို ရှေးကျသည့်ကမ္ဘာမှ လူမျိုးအတွက် ကျွမ်းကျွမ်းကျင်
ကားမောင်းနိုင်ဖို့ဆိုတာ ဒီခေတ်လူများကို မယှဉ်နိုင်
သေးပေမဲ့ ဒန်နီရယ် ၏ သူ့ကိုယ်သူ ယုံကြည်ချက်ခိုင်မာမှုအရ မည်သည့်အခက်အခဲမှ ရှိမနေ ။ဒန်နီရယ် သည် အန္တာရယ်ကိုကြောက်ရွံ့တက်သူမဟုတ်
သလို အတွေ့အကြုံအသစ်အဆန်းများကို ရင်ဆိုင်ဖို့
ကိုလည်း တွေဝေတက်သူမဟုတ်ပါ ။ သူ မရောက်ဖူးသေးသည့်နေရာတစ်ခုတွင်ဖြစ်လင့်ကစား
ပြီးပြည့်စုံမှုမရှိသေးသောအတက်ပညာတစ်ခုကို
ထုတ်သုံးနေရတဲ့အချိန်ဖြစ်လင့်ကစား ဒန် နီ ရယ့် အတွက်
အကြောက်တရားဆိုတာ စကားလုံးတစ်လုံးသာသာ ,သာ
ရှိခဲ့၏ ။သို့သော် တစ်ဖက်ရန်သူမှာ ဇွဲကြီးကြီးနှင့် နှစ်ဦးနှစ်ဖက်
ထိခိုက်ဒဏ်ရာရလျှင်တောင် ဂရုမစိုက်သလို သူ့ကားရှေ့
ဖြတ်ဝင်ကာ ပိတ်ရပ်ခဲ့သည် ။ အချိန်မှီဘရိတ်အုပ်ဖို့
ကြိုးစားခဲ့ပေမဲ့ အနည်းငယ်လွဲချော်မှုဖြစ်ကာ ပိတ်ရပ်ထားတဲ့ကားကို အရှိန်ပြင်းစွာဝင်တိုက်မိသွားသည် ။ ပုံမှန်ဆို
သာမာန်ထိခိုက်ဒဏ်ရာလောက်ကို သူ မမှုပေမဲ့ သူ
စက္ကန့်ပိုင်းအတွင်း မူးဝေသတိလွှတ်သွားတုန်း မေ့ဆေးအုပ်
ကာ အဖမ်းခံခဲ့ရ၏ ။
VOCÊ ESTÁ LENDO
I wanna be Die again !!! (သားသားဘဲ လက်ခံမယ် အဖေလက်မခံပါ ) (Z+U)
Romanceသူ သေဆုံးခဲ့တယ် .. ဒါပေမဲ့ မထင်မှတ်ထားဘဲ သူ ဝိဥာဉ်ကူးပြောင်းခြင်းခံရပြီး ပြန်လည်မွေးဖွားခဲ့တယ် အစီအစဉ်မကျတဲ့ သူ့ဘဝကြီးဟာ ဖရိုဖရဲနဲ့ဘဲ ကလေးတစ်ယောက်အဖေ ဂေးတစ်ယောက်အဖြစ် လက်ခံလိုက်ရပါတော့တယ် ။ သူ သေဆုံးခဲ့တယ် .. ဒါပေမဲ့...