[Zawgyi Version]
ဒန်နီရယ် ဟာ သူ့ကို အသုံးချတယ် ဟု စွပ်စွဲခဲ့၏ ။
ဤ ခန်းလင်းဟိုင် က သူ၏ ချစ်ခင်ပွန်းကို ထိခိုက်နာကျင်
စေပါ့မည်လား ??အကြောင်းအရာမှန်သမျှကို ဒန်နီရယ် ဆီ မပြောပြရခြင်း
မှာ တစ်ဖက်က ဘယ်လိုအန္တာရာယ်မျိုးကျရောက်ပါစေ
ထိုအမျိုးသားလေး အကောင်းဆုံးရင်ဆိုင်နိုင်မည်ဟု
ယုံကြည်သည် ။ အခြားတစ်ဖက်ကတော့ မလိုလားအပ်တဲ့
ပြဿ နာမျိုး ဒန်နီရယ် မကြုံတွေ့ရအောင် တမင်ဖုံးကွယ်
ထားခြင်းဖြစ်သည် ။သို့သော် သူ၏ ခန့်မှန်းချက်က အနည်းငယ်လွဲချော်သွား
ခဲ့သည် ။ ပုပ်သိုးနေတဲ့အမှိုက်သရိုက်တွေက ခန်းလင်းဟိုင်
၏လူကို လက်တင်ရဲသည် ။အသက်ရှင်ရတာ အတော်လေးပျင်းရိနေကြပုံပင် ..
ခန်း ၏ သခင်နေရာကို ခန်းလင်းဟိုင် လက်လွှဲယူပြီး
နောက်ပိုင်း သူ ၏ ဒေါသကို အနည်းနှင့်အများ ထိန်းချုပ်
ထားခဲ့သည် ။ လူငယ် လူလွတ် ဘဝတုန်းကလို
သူ အထိန်းအကွပ် မဲ့စွာ လူမိုက်လုပ်ရမ်းကားတာမျိုး
မလုပ်တော့ ။ အတက်နိုင်ဆုံး ဥပဒေဘောင်အတွင်းက
သာ ဖြေရှင်းခဲ့သည် ။သို့သော် အနှီးအမှိုက်များက ခန်းလင်းဟိုင် ၏
အာဏာရှင်ဆန်မှုကို မေ့လျော့နေသည်ထင် ။
ကိုယ့်လည်ပင်းကိုယ် တယုတယလာဆက်သကြတယ်
ဆိုတော့လည်း သူ က အဘယ့်ကြောင့် အလွတ်ပေး
ရမည်နည်း ။" ခေါင်းဆောင် ရန် ဆီကဖုန်းပါ သခင်ကြီး "
* ပြော *
* ဒီတစ်ခေါက် အဖိုးကြီးတွေက အတော်လေး
အကွက်စေ့တယ် ။ သူတို့ကိုယ်တိုင်ပါဝင်ပတ်သက်တယ်
ဆိုတဲ့သက်သေကိုရှာမရဘူး ။ ငါ မိထားတဲ့ ခွေးတွေက
လည်း သူတို့သခင်အစစ်ကိုမသိဘူးတဲ့ ။ ဒန်နီရယ့်အဖေ
ဘက်ကတော့ ပထမတစ်ခေါက်ကတည်းက မသိမသာနဲ့
လက်ရှောင်သွားတယ် ။ အကယ်၍ မင်း ထပ်သိချင်
သေးရင် ငါ လိုက်ပေးမယ် "
VOCÊ ESTÁ LENDO
I wanna be Die again !!! (သားသားဘဲ လက်ခံမယ် အဖေလက်မခံပါ ) (Z+U)
Romanceသူ သေဆုံးခဲ့တယ် .. ဒါပေမဲ့ မထင်မှတ်ထားဘဲ သူ ဝိဥာဉ်ကူးပြောင်းခြင်းခံရပြီး ပြန်လည်မွေးဖွားခဲ့တယ် အစီအစဉ်မကျတဲ့ သူ့ဘဝကြီးဟာ ဖရိုဖရဲနဲ့ဘဲ ကလေးတစ်ယောက်အဖေ ဂေးတစ်ယောက်အဖြစ် လက်ခံလိုက်ရပါတော့တယ် ။ သူ သေဆုံးခဲ့တယ် .. ဒါပေမဲ့...