(Zawgyi Version)
ခန်း လင်း ဟိုင် ခရီးထွက်သွားသည်မှာ
တစ်ပတ်ပြည့်တော့မည်ဖြစ်သော်ငြား သူမှလွဲ၍
အခြားသူများထံသို့ တစ်နေ့ကိုဆယ်ကြိမ်ထက်မနည်း
ဖုန်းဆက်ကာ စစ်ဆေးမေးမြန်းတက်သည် ။
သား ဖြစ်သူ အကြောင်းနှင့် ဒန် နီ ရယ် ပြဿ နာရှာ
သေးလား ဟူသောမေးခွန်းများဖြစ်ကြောင်း မည်သူမှ
မပြောလျှင်တောင် သိနေသည်မို့ ဤရက်ပိုင်းအတွင်း
ချင်း ဟိုင် လေးနှင့်နီးနီးကပ်ကပ်နေခြင်းနှင့် ချင်း ဟိုင်လေး
မူကြိုသွားနေသည့် နေ့အချိန်များ၌ ဤကမ္ဘာကြီးအကြောင်း
ကို ပိုသိနိုင်ရန် ရှာဖွေမှတ်သားဖတ်ရှုသည့်အလုပ်များဖြင့်
သာ သူ့ တစ်နေ့တာကို အချိန်ကုန်စေ၏ ။
မိုဘိုင်းလ်ဖုန်းနှင့် လက်တော့ ကွန်ပျူ တာတို့ကို
သူ ကျွမ်းကျွမ်းကျင်ကျင်သုံးတက်လာသည့်အပြင်
ချင်း ဟိုင် လေးနှင့်ဖြစ်စေ သူတစ်ယောက်တည်းဖြစ်စေ
အပြင်ထွက် သွားလာလည်ပတ်တက်နေပြီဖြစ်သည် ။
မူလ ဒန် နီ ရယ် ကခေတ်သစ်ကလူမို့ အခုနောက်ပိုင်း
သူ့ ဦးနှောက်များကိုများများအလုပ်ပေးလျှင် အရင်
ဒန်နီရယ်၏ ကြီးကြီးမားမားမှတ်ဥာဏ်များမှလွဲ
လူတစ်ယောက်အတွက် နေ့စဉ်အသက်ရှင်ရန်
လိုအပ်သောအချက်အလက် အသေးအမွှားလေးများကို
အလွယ်တကူမှတ်မိလာသည် ။ ဤအချက်က သူ့အတွက်
အတော်လေးကိုအထောက်အကူပြု၏ ။ ထို့အပြင်
သူ့အရင်ဘဝကလည်း တရုတ်ပြည်ကြီးတွင်လူဖြစ်ခဲ့၍
ဘာသာစကားတွင် လုံးဝအခက်အခဲမရှိပါချေ ။
ယခုခေတ်အသုံးအနှုန်းနှင့် ရှေးခေတ်အသုံးအနှုန်းတို့၏
အပြောင်းအလဲများကို လေ့လာလိုက်လျှင် သူက
အရင်ဒန်နီရယ်ထက်တောင် တရုတ်စကားကို
ကျွမ်းကျင်စွာ ပိုပြောတက်လာသည် ။
အရင် ဒန် နီ ရယ် က ကိုရီးယားအမေရိကန်ကပြားမို့
နောက်ထပ်ဘာသာစကားနှစ်ခုတောင် အဆစ်ပါလိုက်
သေး၏ ။
VOCÊ ESTÁ LENDO
I wanna be Die again !!! (သားသားဘဲ လက်ခံမယ် အဖေလက်မခံပါ ) (Z+U)
Romanceသူ သေဆုံးခဲ့တယ် .. ဒါပေမဲ့ မထင်မှတ်ထားဘဲ သူ ဝိဥာဉ်ကူးပြောင်းခြင်းခံရပြီး ပြန်လည်မွေးဖွားခဲ့တယ် အစီအစဉ်မကျတဲ့ သူ့ဘဝကြီးဟာ ဖရိုဖရဲနဲ့ဘဲ ကလေးတစ်ယောက်အဖေ ဂေးတစ်ယောက်အဖြစ် လက်ခံလိုက်ရပါတော့တယ် ။ သူ သေဆုံးခဲ့တယ် .. ဒါပေမဲ့...
