(17) ခယ်မလေး

2.1K 193 13
                                        

ဒန်နီရယ်သည် စစ်နည်းဗျူဟာပေါင်းမြောက်မြားစွာ
နှင့် ရန်သူတပ်စခန်းများကို အနိုင်ယူခဲ့သည့် စစ်သူကြီး
တစ်ဦးသာဖြစ်၍ ပွေလိီရှုပ်ထွေးကွက်ကြော်ရိုက်မှုများစွာရှိသည့် စီးပွားရေးနယ်ပယ်ကို ချက်ချင်းလက်ငင်း
နားလည်ဆုံးဖြတ်နိုင်ဖို့ အတွေ့အကြုံလိုအပ်နေသေး
ချေသည် ။

ဟိုင်းနမ် ၏ ငွေရပေါက်နှင့် အန္တာရာယ်ကြီးမှုက
ဒန်နီရယ် ကို သတိလက်လွှတ်နေခွင့်မပေးပါ ။
ခြေလှမ်းတစ်လှမ်းမှားသည်နှင့် ရိုက်ချအကောက်ကြံ
မည်သူက ခပ်များများရယ် ။

ထို့ကြောင့် ဟိုင်းနမ်၏ အတွင်းကျကျဖွဲ့စည်းပုံနှင့်
သတင်းအချက်အလက်ပိုမိုကျယ်ပြန့်ရန် ဒန်နီရယ်
အဓိကထား လုပ်ဆောင်ခဲ့သည် ။ ခန်းလင်းဟိုင် ကိုသာ
သစ္စာ ရှိသည့် လူမိုက်များမှာလည်း ဒန်နီရယ်၏ ဦးချိုးထားမှုကြောင့် အထွန့်မတက်ရဲ မဆန့်ကျင်ရဲကြ ။

သူတို့သခင်အသစ်၏စကားဟူသမျှအား အမိန့်တစ်ခုလို မချွင်းမချန် နာခံကြသည့်အပြင် ဒန်နီရယ် အား
အထင်ကြီးလေးစားမှုမှတစ်ဆင့် စုံလုံးကန်းကိုးကွယ်
လာကြဟန်တူ၏ ။

ဒန်နီရယ် မှာ ထိုအဖြစ်ကိုကြားကြားခြင်း မည့်သည့်
ဝေဖန်မှုမှမပေး ။ ခန်းလင်းဟိုင် ၏ ကျယ်ကျယ်
လောင်လောင် ရယ်မောဂုဏ်ဆာမှုများကို နားမခံနိုင်အောင် ကြားနေရသဖြင့် ထိုအရူးတစ်သိုက်ကို တမင်လျစ်လျူ ရှုထားလိုက်သည် ။

ခန်းလင်းဟိုင် အပါအဝင်ပေါ့...

တစ်ရက်သုံးကြိမ်ဖုန်းဆက်ပြီး
'' အဆင်ပြေလား '' '' ပင်ပန်းနေပြီလား '' မေးရုံသာမက
'' လွမ်းနေပြီ '' တို့ '' ဘယ်တော့ပြန်လာမှာလဲ '' တို့ဖြင့်
လှမ်းအီစီကလီရိုက်သေးသည် ။ စိတ်ရှုပ်လွန်းလို့
ဖုန်းမကိုင်ဘဲနေရင်လည်း ဒန်နီရယ့် အစ်ကို
ဖလေယွန် ကိန်း က ချောင်းပေါက်မတက် ကူးကာ
သန်းကာဖြင့် သူ့ယောက်ဖ၏အမှာစကားများကို
လာပြောပြသည် ။

အဲ့လူအိုကြီးတွေက ဘာဖြစ်နေကြတာတုန်း..

ဒန်နီရယ် ကို နားအေးပါးအေး အလုပ်လုပ်ခွင့်မပေးဘဲ
တစ်ချိန်လုံးအနှောင့်အယှက်ပေးနေကြသဖြင့်
နောက်ဆုံးတွင် ဟိုင်းနမ်၏အရှင်သခင်ဟူသော ရာထူး
နှင့်ကိုင်ပေါက်ပြီး ဖလေယွန် ကိန်း ကိုလည်း ဝင်ခွင့်
မပေးတော့သလို ခန်းလင်းဟိုင် ဆက်သမျှဖုန်းကော
အကုန်လုံးကိုလည်း ကြားမှဖြတ်ချကာ ဒန်နီရယ့်ထံ
မလွှဲခိုင်းတော့ချေ ။

I wanna be Die again !!! (သားသားဘဲ လက်​ခံမယ်​ ​အ​ဖေလက်​မခံပါ ) (Z+U)Место, где живут истории. Откройте их для себя