(Zawgyi Version)
သူ့သားတစ်ခုခုဖြစ်လျှင် မင်း အသေ ဘဲဟူသော
ခြိမ်းခြောက်စကားမပြောရုံတမယ် သူ လေဆိပ်မဆင်းခင်
အထိ ဒန် နီ ရယ့် ကို အမျိုးမျိုးသောသတိပေးသည့်အကြည့်
များနှင့် အားရအောင် ခြောက်လန့်ပြီးမှ သူ့သား၏
ပါးနှစ်ဖက်ကို တရွှတ်ရွှတ် နမ်းနှုတ်ဆက် ကာ
ထွက်သွားလေသည် ။
အမြဲတမ်း သံသယအကြည့် မနှစ်မြို့သောအပြုအမူများနှင့်
သူ့အား မျက်စိဒေါက်ထောက်စောင့်ကြည့်မည့်သူ
မရှိတော့လည်း သူ သက်သောင့်သက်သာ အေးဆေး
နားလို့ရပြီပေါ့ ။
" ဒယ် ဒီ .. သား ပီဇာစားချင်တယ် "
" ပီဇာ !!?? "
ဤရက်ပိုင်းအတွင်း မကြားဖူးသေးသော စကားလုံး
အသစ်အဆန်းဖြစ်သောကြောင့် ထိုပီဇာဟူသော စားစရာ
အကြောင်းကို ဤရက်ပိုင်းအတွင်း သုံးပုံသုံးနည်းအစအဆုံး
ပြန်သင်ထားရသည့် ဖုန်းအားဖွင့်ပြီး ရိုက်ရှာရတော့၏ ။
ခေတ်ကာလကွာခြားမှုကြီးက သူ့ အား အတော်လေး
ဒုက္ခပေးလှပါသည် ။ တစ်ခုခုဆို သူ၏နားလည်နိုင်စွမ်းက
ဤခေတ်လူများထက် အများကြီးနိမ့်နေသေးသည် ။
မူလပိုင်ရှင်၏မှတ်ဥာဏ်အကုန်လုံး ပြန်ရလျှင်တော့
အဆင်ပြေနိုင်ပေမဲ့ လက်ရှိတွင် ဆယ်ပုံ,ပုံလို့ တစ်ပုံတောင်
အနိုင်နိုင်ဖြစ်နေသည့်အခါ ဘဝအသစ်တွင်
ကြိုးစားရှင်သန်ချင်စိတ်ကလေးကို သွားသွားထိခိုက်စေ၏ ။
" ဒယ် ဒီ .. သွားကြမယ်လေ ။ သားတို့ အပြင်ထွက်
ပီဇာစားကြမယ်လေ "
သည်းကြီးမည်းကြီး ဖုန်းနှိပ်နေသည့်သူ့ကို
ကလေးပေါက်စနလေးက စိတ်မရှည်ဟန်နှင့် သူ့လက်ကို
လှုပ်ရမ်းပြီး အပြင်ထွက်ရန် ဂျီကျလေတော့သည် ။
" ဒယ် ဒီ လို့ .. "
ချင်း ဟိုင် လေးကို အလိုလိုက်ချင်လျှင်တောင်
ဤ ခြံဝင်းအပြင်ထွက်ပြီး သူ မရင်းနှီးသည့်အပြင်လောက
သို့ ခြေချရန်စိတ်မပြင်ဆင်ရသေးသလို ကြုံတွေ့ရမည့်
ဖြစ်ရပ်များ၏ကောင်းကျိုးဆိုးကျိုးများစွာကြောင့်လည်း
အပြင်ထွက်သင့် မထွက်သင့်ကို ချင့်ချိန်နေရသည် ။
ESTÁS LEYENDO
I wanna be Die again !!! (သားသားဘဲ လက်ခံမယ် အဖေလက်မခံပါ ) (Z+U)
Romanceသူ သေဆုံးခဲ့တယ် .. ဒါပေမဲ့ မထင်မှတ်ထားဘဲ သူ ဝိဥာဉ်ကူးပြောင်းခြင်းခံရပြီး ပြန်လည်မွေးဖွားခဲ့တယ် အစီအစဉ်မကျတဲ့ သူ့ဘဝကြီးဟာ ဖရိုဖရဲနဲ့ဘဲ ကလေးတစ်ယောက်အဖေ ဂေးတစ်ယောက်အဖြစ် လက်ခံလိုက်ရပါတော့တယ် ။ သူ သေဆုံးခဲ့တယ် .. ဒါပေမဲ့...
