(Zawgyi Version)
" ဒယ် ဒီ .. ချီ "
သူ လှေကားထစ်များ၏ အောက်ဆုံးတစ်ထစ်သို့
ခြေချချချင်း သူ့ရှေ့ လှစ်ခနဲရောက်လာသော
ကလေးလေး .. ။
တစ်ပတ်ကျော်နှစ်ပတ်နီးပါး ဘဝအသစ် ခန္ဓာအသစ်ကို
မနည်း ကျင့်သားရအောင် လုပ်ယူပြီးသည့်တိုင်
ထိုကလေးလေးကိုမြင်သည်နှင့် သူ ရှောင်ပြေးသည်က
များလှ၏ ။
ဒယ် ဒီ ဆိုတာ သူ့ကိုခေါ်တာဖြစ်ပြီး ဒယ်ဒီဆိုတဲ့
သူက ထိုကလေးလေး၏ အဖေဖြစ်သည် ။
အရင်ဘဝက အနှစ်သုံးဆယ်ကျော် စစ်မြေပြင်တွင်သာ
အနေများပြီး မည်သည့်မိန်းမနှင့်မှမပတ်သတ်ခဲ့သည့်
သူက ဘဝအသစ်တွင် ကလေးတစ်ယောက်အဖေ
ဖြစ်နေသတဲ့ ။
" ဟိုင် ဟိုင် .. ဒယ် ဒီ က နေကောင်းသေးတာ
မဟုတ်ဘူးလေ ။ သွားမရှုပ်နဲ့ တီဗီလာကြည့် "
ပြီးတော့ ထိုလူ ။
သူ နိုးနိုးချင်း ပထမဆုံးတွေ့ဖူးသည့် ထိုလူက
သူ့အိမ်ထောင်ဖက်တဲ့ !! သိသိချင်း ပြန်သေဖို့ တောင်
တွေးလိုက်သေးသည် ။ ဟိုဘဝက မိန်းမတွေနဲ့
မပတ်သတ်ခဲ့ဖူးဆိုပေမဲ့ ယောကျာ်းတွေကိုစိတ်ဝင်စား
တယ်လို့လည်းမဆိုလိုဘူးလေ ။ တိုင်းပြည်ကို ကာကွယ်မဲ့
အသိစိတ်တစ်ခုတည်းဘဲ ရှိပြီး အခြားကိစ္စတွေ
မစဉ်းစားမိခဲ့လို့သာ သူ တစ်ကိုယ်တည်းလူပျိုကြီး
ဖြစ်နေရခြင်း ။
သို့်သော် .. အခုတော့ ကလေးတစ်ယောက်အဖေ
ဖြစ်ရုံတင်မကသေး ယောကျာ်းချင်းလည်း
လက်ထပ်ထားသေးသည် ။
ဘဝသစ်ကြီးက နေပျော်လှသည်မဟုတ် ။
" သားက ဒယ် ဒီ့ ကို လွမ်းနေတာကို "
ထိုလှေကားအောက်ဆုံးထစ်တွင် တုတ်တုတ်မလှုပ်သည့်
သူ နှင့် သူ့ရှေ့တွင်လည်း ခေါင်းလေးငုံ့ပြီး အသံသေးသေး
ဒယ်ဒီချင်းထပ်နေသည့် ခန်း ချင်း ဟိုင် လေးသည်
မိနစ်ပိုင်းကြာသည်အထိ မလှုပ်ရှားဘဲ ရပ်နေကြဆဲ ။
ESTÁS LEYENDO
I wanna be Die again !!! (သားသားဘဲ လက်ခံမယ် အဖေလက်မခံပါ ) (Z+U)
Romanceသူ သေဆုံးခဲ့တယ် .. ဒါပေမဲ့ မထင်မှတ်ထားဘဲ သူ ဝိဥာဉ်ကူးပြောင်းခြင်းခံရပြီး ပြန်လည်မွေးဖွားခဲ့တယ် အစီအစဉ်မကျတဲ့ သူ့ဘဝကြီးဟာ ဖရိုဖရဲနဲ့ဘဲ ကလေးတစ်ယောက်အဖေ ဂေးတစ်ယောက်အဖြစ် လက်ခံလိုက်ရပါတော့တယ် ။ သူ သေဆုံးခဲ့တယ် .. ဒါပေမဲ့...
