Unicode Version
အပိုင်း ၁
ရှောင်ရှောင်းကျန့်တစ်ယောက် သူ့ခေါင်းကို ဆယ်ပေါင်တူနဲ့ ထုနေသလို နာကျင်မှုမျိုးကြောင့် နိုးလာခဲ့တယ်။ မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် သူရဲ့ ဇင်ယော်တောင်လို လှပတဲ့ မျက်ခုံးတွေကို ထိလုမတတ် တွန့်ချိုးလိုက်မိတယ်။
အား...ဒါဘယ်နေရာလဲ...အခန်းတည်ဆောက်ပုံက တအားကျဥ်းပြီး ခိုင်ခံ့လိုက်တာ
အဖြူရောင် မျက်နှာကျက်ကိုသာ ကြည့်ရင်း တွေးနေတဲ့အချိန်မှာ စိမ်းရွှင်ရွှင်အနံ့က သူ့နှာခေါင်းထဲ တိုးဝင်လာလို့ နှာခေါင်းကို ရှုံ့လိုက်မိတယ်။ အဲ့ဒီအချိန်မှာပဲ အခန်းတံခါးက ပွင့်သွားပြီး အရပ်မြင့်မြင့် ဆံပင်တိုတိုနဲ့ လူတစ်ယောက်က ဝင်လာတယ်။ ရှောင်းကျန့်က အဲ့ဒီလူကို ကြည့်ပြီး စိတ်ထဲမှာ မှတ်ချက်ပေးလိုက်မိတယ်။
ဆံပင်ကို ဖြတ်ပစ်တယ်ဆိုကတည်းက မျိုးရိုးနိမ့်ထဲကပဲ ဖြစ်မယ်...ဘာပဲဖြစ်ဖြစ် သူက ငါ့ကို ကယ်ထားတဲ့လူပဲ ထင်တယ်
အဲ့ဒီလူက သူ့ကို ပြုံးပြရင်း သူ့ကို စကားလှမ်းပြောတယ်။
"ရှောင်းကျန့်....နောက်ဆုံးတော့ မင်း သတိရလာပြီ..မင်း နောက်ထပ် နှစ်နာရီနေရင် ကရတော့မှာ ထနိုင်ရဲ့လား"
ရှောင်းကျန့်က သူ့နာမည်ကိုပါ သိတဲ့အပြင် ရင်းရင်းနှီးနှီး ပြောဆိုနေတဲ့ သူစိမ်းကြောင့် စိတ်အလိုမကျ ဖြစ်လာတော့တယ်။ ဘယ်လိုပဲ သူက နန်းကျဘုရင်ရဲ့ သားဖြစ်ပါစေဦး တော်ဝင်သွေးက တော်ဝင်သွေးပဲလေ၊ ဒါကို သူ့ရှေ့က လူက တအားကို ရဲတင်းလွန်းပြီး ကတောင် ကခိုင်းလိုက်သေးတယ်။ ရာရာစစ..ငါ့လို အိမ်ရှေ့စံကိုများ။
ရှောင်းကျန့်က စကားတစ်ခွန်းမှ ပြန်မပြောဘဲ သူ့ကိုပဲ စိုက်ကြည့်နေတာကြောင့် လူစိမ်းက အနေခက်လာဟန်နဲ့ သူ့အနား လျှောက်လာတယ်။
"ကျန့်ကျန့်...မင်း အဆင်ပြေရဲ့လား ဘယ်လိုလုပ်ပြီး လှေကားကနေ ခြေချော်ကျရတာလဲ"
အဲ့လူစိမ်းက ပြောရင်းနဲ့ သူ့နဖူးဆီ လက်လှမ်းလာတာကြောင့် ရှောင်းကျန့်က အလိုလို နောက်ဆုတ်မိသွားတယ်။
YOU ARE READING
Dancing Phoenix (Completed)